29 C
Yangon

ကျောက်ကြီးတွင် CDM ကျောင်းဆရာ ကျဆုံးမှုအတွက် စစ်တောင်းတံတား ဂိတ် စစ်တပ်ကို လက်နက်ကြီးဖြင့် တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး၊ ညောင် လေး ပင် တွင်လည်း စစ်တပ်တပ်ရင်းကို ဗုံးသီးဖြင့် တိုက်ခိုက်

Must read

ကျောက်ကြီးတွင် CDM ကျောင်းဆရာ ကျဆုံးမှုအတွက် စစ်တောင်းတံတား ဂိတ် စစ်တပ်ကို လက်နက်ကြီးဖြင့် တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး၊ ညောင် လေး ပင် တွင်လည်း စစ်တပ်တပ်ရင်းကို ဗုံးသီးဖြင့် တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ စစ်တောင်းတံတားဂိတ်‌စောင့် စစ်သားများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ ကြောင်း ပဲခူးတိုင်း”ရိုးမ” တပ်ဖွဲ့ ၃၇၀၂ PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၉ ရက် ညပိုင်းက အကြမ်းဖက်စစ်သားများတပ်စွဲထားရာ စစ်တောင်းတံတားကို လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ၊ ယမန်နေ့ နံနက်ပိုင်းတိုက်ပွဲတွင် ကျဆုံး ခဲ့ သော ရန်ကင်းပညာရေးကောလိပ်မှ CDM ကျောင်းဆရာ စောလဲဘွယ်ထူး အတွက် လက်စားချေ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနက်က ကျနော်တို့ ချစ်ခင်ရတဲ့ CDM ဆရာလေး တိုက်ပွဲအတွင်း ကျဆုံး ခဲ့ပါတယ်၊ အဲဒီညမှာပဲ စစ်တောင်းတံ တားကို လက်နက်ကြီးနဲ့ လှမ်းပစ် လိုက် တာ ခွေး ၁ ကောင် သေပြီး ၃ ဦးဒဏ်ရာရ ပါတယ်၊ အပြည့်အစုံကတော့ KNU မထုတ်ပြန်သေးလို့ စည်းကမ်းအရ အတိအကျပေးမရတာ နား လည် ပေးပါ” ဟု ပဲခူးတိုင်း”ရိုးမ” တပ်ဖွဲ့ ၃၇၀၂ PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၉ ရက်နံနက် ၉ နာရီ ခန့်တွင် ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်၊ နောင် ကုန်းရွာအနီး၌ အကြမ်းဖက် စစ်ကောင်စီ ခလရ ၆၀ နှင့် ပြည်သူ့ ကာ ကွယ် ရေးတပ်ဖွဲ့၊ “ရိုးမ” ပဲခူးတိုင်း၊ တပ်ဖွဲ့ ၃၇၀၂ ၊ BPDF –Yoma တပ်ဖွဲ့ တို့ကြား ၂ နာရီခန့်အကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ရန်ကင်းပညာရေးကောလိပ်မှ CDM ကျောင်းဆရာ စောလဲဘွယ်ထူး ကျဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးအပါအဝင် ၁၄ ဦးကျဆုံးခဲ့ကြောင်း သိရသော် လည်း ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

တိုက်ပွဲအတွင်း ကျဆုံးသူ CDM ကျောင်းဆရာ စောလဲဘွယ်ထူးသည် ရန်ကင်း ပညာရေးကောလိပ် BTED (18/13) S 1၊ ရန်ကင်းပညာရေး ကောလိပ် ကျောင်း သား များသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း၊ ဒီမိုက ရေစီ တိုက်ပွဲ တွင် ဂုဏ်ရောင်ပြောင်မြောက်စွာ အသက်ပေးလှူ တိုက်ပွဲဝင် သွားသူ ဖြစ်ကြောင်း ရန်ကင်းပညာရေး ကော်လိပ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)က အတည်ပြုထုတ်ပြန်ထားသည်။

အလားတူ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့အခြေစိုက် စစ် ကောင် စီ ၏ ခြေမြန်တပ်ရင်း ၂၆၄ တပ်ဝန်းအတွင်းသို့ M 79 နှစ်လုံး ပစ် ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း Bago Region PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၁၀ ရက် မွန်းတည့် ၁၁ နာရီ ၄၅ မိနစ်ခန့်အချိန် စစ်ကောင် စီ တပ်ရင်းအား M 79 နှစ်လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူး နေအိမ် ရှေ့ တည့် တည့် ကျရောက်ပေါက်ကွဲပြီး စစ်သားတစ်ဦး သေ ဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ နောက်ဆက်တွဲထိခိုက်ပျက်စီးမှုများလည်း ရှိနိုင်သဖြင့် အတည် ပြု စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။

အလားတူ ယနေ့ နေ့လည် ၁၂ နာရီခန့်တွင် စစ်ကောင်စီ၏ ဆက်သွယ်ရေး လမ်းကြောင်းဖြစ်သော ခင်ကန့်လန့်ရွာနှင့် ကညင်ကျိုးရွာကြားရှိ တံတား တစ် စင်းကို ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ နေ့လည် ၁၂ နာရီခွဲခန့် တွင်လည်း အခြား တံတား တစ်စင်းကို ထပ်မံဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ကျဆုံးသွားသော ရန်ကင်းပညာရေးကောလိပ်မှ CDM ကျောင်းဆရာ စောလဲဘွယ်ထူး ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article