အကြွေးဖြင့် ဝယ်ထားသည့် ဒရုန်းနှစ်စီးအတွက် မဲလက်မှတ်များ ဝယ်ယူကူညီပေးပါရန် UNICorn တပ်ဖွဲ့ မေတ္တာရပ်ခံ
ရန်ကုန်၊ ဇန်နဝါရီ ၁၁
အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်း တိုက်ခိုက်ရာတွင် အသုံးပြုရန် အကြွေးဖြင့် ဝယ်ယူ ထားသော ဒရုန်းနှစ်စီးအတွက် ကံစမ်းမဲလက်မှတ်များကို ကူညီဝယ်ယူပေးကြပါရန် မေတ္တာရပ်ခံ ပါကြောင်း UNICorn -ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့မှ စတင်၍ တော်လှန်ရေးရဲဘော်တစ်ဦး၏ ဆွဲကြိုးကို မဲလက်မှတ် အနေဖြင့် ပြန်လည်ရောင်းချခဲ့ရာ လက်မှတ် ပေါင်း ၆၀၀ နီးပါးရောင်းချထားပြီး ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် ဇန်နဝါရီလ ၃၁ ရက်နေ့ မတိုင်မီ အမြန်ပြည့်ပြီး အကြွေးရှင်းပေးနိုင်ရန် လိုအပ်နေသဖြင့် အမြန်ဆုံး ဝယ်ယူ ကူညီပေးကြပါရန် မေတ္တာရပ်ခံ တောင်းဆိုရခြင်းဖြစ်ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ခံက ပြောဆိုသည်။
“ဒရန်းတွေက အကြွေးနဲ့ ၂ စီး ဝယ်ပြီးပြီ။ တိုက်ပွဲ လဲ ဝင်နေပြီ၊ မဲလက်မှတ်က ရက် ၂၀ လောက်ပဲကျန် တော့တယ်၊ ဒီရက် ၂၀ အတွင်းအမြန်ကုန်မှ အဆင်ပြေမှာ၊ ဒရန်း ဗုံးသီးအတွက်ကလည်း ဒီလက်မှတ် ရောင်းချရတဲ့ငွေနဲ့ ပြန်ရင်းမှာ၊ အဲဒါကြောင့် မိဘပြည်သူတွေကို အကူအညီတောင်းခံနေရတာပါ” ဟု ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ခံက ပြောကြား သည်။
မဲလက်မှတ် တစ်စောင်လျှင် တစ်သောင်းကျပ် သတ်မှတ်ထားကြောင်း၊ လက်မှတ်စုစုပေါင်း တစ်ထောင် ရောင်းချမည်ဖြစ်ပြီး မဲလက်မှတ်များကို K Pay ၊ Wave Pay ၊ NUG Pay များဖြင့် https://www.facebook.com/117276104299943/posts/194590019901884/?app=fbl Page Messenger မှတဆင့် ဝယ်ယူအားပေးနိုင်ကြောင်း ထုတ်ပြန်ထားသည်။
“မဲလက်မှတ် ၁၀ စောင်ဝယ်ရင် ဒရုန်းဗုံးသီးမှာ နာမည်ထိုးစေချင်ရင် ထိုးပေးမယ်၊ ခွေးရူးကောင်တွေ သတ်တဲ့ပွဲမှာ ကိုယ်တိုင်ပါဝင်ခွင့်ရသလိုပေါ့၊ ဒါကြောင့်မို့ ပါဝင်အားဖြည့်ကူညီပေးကြပါအုံး” ဟု ယူနီ ကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ခံက ပြောကြားသည်။



