Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– ပဲခူးတိုင်း၊ နတ်သံကွင်းကျောက်ကြီး လမ်းပိုင်းမှာ ဇန်နဝါရီလ ၈ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၇ ဦးသေသွားတယ်လို့ စစ်တပ်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
– မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ ဇန်နဝါရီလ ၁၀ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ် ယာဉ်တန်း ကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၇ ဦးသေပြီး ၊ ၃ ဦး ပြင်းထန်ဒဏ်ရာ ရသွားတယ်လို့ PDF သတင်း ရင်းမြစ်က ပြောပါတယ်။
– ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်-မြ၀တီ အာရှလမ်းမကြီး၊ ဆိတ်ဖူးတောင်-ကြားမှာ ဒီကနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ မနက်ပိုင်းက မိုင်းပေါက်ကွဲပြီးတော့ လမ်းလယ်မှာ အပေါက်ကြီး ဖြစ်ပြီး ၊ ကျန်ရစ်ခဲ့တယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်း တိုက်ခိုက်ရာမှာ အသုံးပြုဖို့အတွက် အကြွေးနဲ့ ဝယ်ယူ ထားရတဲ့ ဒရုန်းနှစ်စီးအတွက် ကံစမ်းမဲလက်မှတ်တွေကို ပြည်သူတွေအနေနဲ့ ကူညီဝယ်ယူပေးကြဖို့ မေတ္တာရပ်ခံတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။