28 C
Yangon

ကျိုက္ကော်နှင့်ဘီးလင်းအကြားတွင် စစ်တပ်ကုန်စည်သယ် ရထား ကို မိုင်းဆွဲတိုက်ခိုက်၊ ဘီးလင်းတွင် စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲမှု စစ်သား ၇ ဦးသေဆုံးပြီး ၃ ဦးဒဏ် ရာ ပြင်းထန်

Must read

ကျိုက္ကော်နှင့်ဘီးလင်းအကြားတွင် စစ်တပ်ကုန်စည်သယ် ရထား ကို မိုင်းဆွဲတိုက်ခိုက်၊ ဘီးလင်းတွင် စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲမှု စစ်သား ၇ ဦးသေဆုံးပြီး ၃ ဦးဒဏ် ရာ ပြင်းထန်

ရန်ကုန်၊ ဇန်နဝါရီ ၁၁

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိကြောင်း PDF သတင်း ရင်းမြစ်က ပြောသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်ကျင်အချိန် ဘီးလင်းမြို့နယ်၊ ဒေါက် ရပ် ကျေးရွာ၊ ရွှေအင်တုံကုန်းတွင် စစ်ကားတန်းကို KNLA ၊ PDF ပူးပေါင်းတပ် များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲမှုကြောင့် စစ်ကား ၂ စီး ထိမှန်ပြီး စစ်တပ်ဘက်မှ ၇ ဦး ပွဲချင်းပြီးသေဆုံးကာ ၃ ဦးမှာ ဆေးရုံတင်ပို့ ကုသနေရ ကြောင်း သိရှိရသည်။

” မနေ့က မိုင်းဆွဲတာက ရွှေအင်တုံကုန်းဆင်း ဘီးလင်းနှင့်သထုံအကြားမှာပါ။ စစ်ခွေး ကား၂စီး ပျက်စီးတယ်။ စစ်ခွေး ၇ ကောင်သေတယ်။ ၃ ကောင် ဒဏ် ရာ ရတယ်” ဟု PDFသတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ဇန်နဝါရီလ ၁၀ ရက်နေ့ ည ၈ နာရီအချိန် မွန်ပြည်နယ်၊ ကျိုက္ကော် နှင့် ဘီးလင်း အကြား စစ်တပ်ကုန်စည်တင် ရထားကို KNLA နှင့်PDF ပူးပေါင်း တပ် များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

စစ်တပ်ဘက်ကမူ စစ်တပ်ကုန်စည်ရထားမဟုတ်ဘဲ ကျောက်တင်ရထားဟုဆို သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် ဇန်နဝါရီလ ၁၀ ရက်နေ့ ည ၆ နာရီ ၄၀ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အင်းဗြောင်ကျေးရွာအနီး၌ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ရွာသာကြီးဘူတာမှ ပေါင်မြို့နယ်၊ ဇင်းကျိုက်ဘူတာသို့ ကျောက်တင်ဆောင်ရန် ထွက်ခွာလာသည့် စက်ခေါင်းမောင်း ဦးထွန်းထွန်းခိုင်နှင့် မီးရထားဂတ်ဗိုလ် ဦးမျိုးကျော်စိုး ပါ ရထားဝန်ထမ်း ၅ ဦးတို့ လိုက်ပါလာသည့် စက်ခေါင်းအမှတ် DF-2029 ၊ တွဲ ၁၃ တွဲပါ၊ ကျောက်တင်ရထားသည် မိုင်းထောင်ဖောက်ခွဲခံရသဖြင့် ရထား စက်ခေါင်း၊ ရထားတွဲ(၂)နှင့် တွဲ(၃)တို့ ရထားတွဲ ၃ တွဲသည် ရထားလမ်းချော်ပြီး ရပ်တန့်ကာ ရထားလမ်း ၄ ပေခန့်ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article