Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၁၂ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– မြန်မာ့အကျပ်အတည်းကို အာဆီယံအတွက် ဓားစာခံအဖြစ် လက်ခံမှာ မဟုတ်ဘဲ သက်ဆိုင်သူ အားလုံးနဲ့ထိတွေ့ဆက်ဆံ အဖြေရှာမယ်လို့ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နို- မာဆူဒီ က ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
– အကြမ်းဖက် စစ်ခေါင်းဆောင် အာဏာလု မင်းအောင်လှိုင် နဲ့ အပေါင်းအပါ စစ်အုပ်စုက ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး သူတို့ကို ဆန့်ကျင်နေတဲ့ တိုင်း ရင်းသား လက်နက်ကိုင်တွေ၊ PDF နေရာတွေအားလုံးကို လေကြောင်းတိုက် ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ စစ်ဆင်ရေးတွေအတွက် နေ့စဉ် အစည်းအဝေးတွေ ခေါ်ယူပြီး ထိုးစစ်ဆင် တိုက်ခိုက် ခိုင်းနေတယ်လို့ သိရပါတယ်။
-တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသက ပျူစောထီးခေါင်းဆောင် စိုးသိန်း ဆိုသူကို ဇန်နဝါရီလ ၁၁ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ပစ်ခတ်ရှင်းလင်းရာမှာ နေရာမှာတင် ပွဲချင်းပီး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။