ဖလမ်းမြို့၊ တန့်ဆည်နှင့် သိမ်ဖြူဇရပ်တို့ တွင် တိုက်ပွဲများ ဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၁၈
ချင်းပြည်နယ်၊ ဖလမ်းမြို့၊ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်နှင့် မွန်ပြည်နယ်၊ သံဖြူဇရပ်တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး ရဲ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်တွင် ယနေ့ ဇန်န ဝါရီလ ၁၈ ရက် ညနေ ၃ နာရီခွဲခန့်အချိန် ရဲ ၅ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ ရဲ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း The Matupi Times ၏ သတင်း ဖော် ပြချက်အရ သိရှိရသည်။
အခြေခံပညာကျောင်းတွင် တပ်စွဲလုံခြုံရေးယူထားသော အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲများကို ချင်းအမျိုးသားတပ်ဦး (CNF) ရဲဘော်များက ဝင် ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းရပ်ကွက်အတွင်းသို့ အကြမ်းဖက် စစ်သားများ ရောက်ရှိ လာကာ ပြည်သူ ၃၀ ခန့်ကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ဆင်ငယ်ရွာအနီးသို့ ကင်းပုန်း ဝပ်ရန် လာသော ပျူစောထီးများ ယနေ့နံနက်၁၀နာရီခန့်က ပစ်ခတ် တိုက် ခိုက်ခံရပြီး ၂ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ရှေ့တန်းရဲဘော်တစ်ဦးထံမှ သိရသည်။
တန့်ဆည်မြို့နယ်၊ အင်္ကုက္ကားရွာမှ ဆင်ငယ်ရွာဘက်သို့ ကင်းပုန်းဝပ်ရန် ထွက် ခွာလာသည့် ပျူစောထီး ၅ ဦးကို ပြည်သူ့ကာကွယ် ရေးပူးပေါင်းအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ဦးလက်ပြတ်ပြီး တစ်ဦးမှာ ဆေးရုံ တင်ထားရပြီး သေလုမြောပါးဖြစ်နေကြောင်း ရှေ့တန်းရဲဘော်က ပြောသည်။
အဆိုပါစစ်ဆင်ရေးကို ရွှေဘိုခရိုင် တပ်ရင်း၈ KPK၊ တပ်ရင်း၂၆ Taze Tiger၊ TSR နှင့် PLAတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Guerrilla Wafare –KPK ၊ TSP ၊ Taze Tiger ၊ PLA တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မွန်ပြည်နယ်၊ သိမ်ဖြူဇရပ်မြို့နယ်၊ ထင်ရှူးကျေးရွာအခြေစိုက် နယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက် ရာ ရဲ ၃ ဦးသေဆုံးခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇန်နဝါရီလ ၁၈ ရက် နံနက် ၆ နာရီခန့်က အဆိုပါ “င”အဆင့်ရှိ နယ်မြေ ရဲစခန်းကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ အပြန် အလှန်ပစ်ခတ်မှုတိုက်ပွဲ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး ရဲ ၃ ဦးသေဆုံးကာ ၅ ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ စခန်းသိမ်းပိုက်နိုင်ရန် ကြိုးစားခဲ့ သော် လည်း အချိန်မရသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
“ထင်းရှုးကျေးရွာ အခြေစိုက် င အဆင့်နယ်မြေရဲစခန်းကို ဒီနေ့ မနက် ၆ နာရီ ၃၀ မိနစ်အချိန်မှာ အင်အား ၁၀ ဦးရှိတဲ့ ထင်းရှုးရဲစခန်းကို YGF-ရေး ပြောက် ကျား တပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ မိနစ် ၂၀ ခန့် အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးသတ်မှတ်ချိန် အကန့်အသတ် ကြောင့် စခန်း ကို သိမ်းယူနိုင်ခြင်းမရှိဘဲပြန်လည်ဆုတ်ခွာလာခဲ့ရပါတယ်။ အဲဒီတိုက်ပွဲမှာ ရဲ ၃ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိပါတယ်” ဟု ရေးပြောက်ကျားတပ်ဖွဲ့မှ တာဝန် ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
