25 C
Yangon

ကျိုက်ထိုတွင် ကြံ့ဖွတ်ပါတီ စည်းရုံးရေးမှူး အောင်ထွေးခိုင် ပစ်ခတ် ခံရပြီး သေဆုံး၊ ကျောက်ဆည်တွင် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း ကောက်နေသူ ပစ်ခတ်ခံရပြီး သေဆုံး

Must read

ကျိုက်ထိုတွင် ကြံ့ဖွတ်ပါတီ စည်းရုံးရေးမှူး အောင်ထွေးခိုင် ပစ်ခတ် ခံရပြီး သေဆုံး၊ ကျောက်ဆည်တွင် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း ကောက်နေသူ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကြံ့ဖွတ်ပါတီ စည်းရုံးရေးမှူး အောင်ထွေး ခိုင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း kyaikhto information team မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ကြံ့ဖွတ်ပါတီ စည်းရုံးရေးမှူး အောင်ထွေးခိုင်သည် မရမ်းချောင်ရွာရှိ ၎င်းပိုင်ဆိုင်သော ပျဥ်းကတိုးကုန်း အပိုင် ခြံထဲ၌ ရှိနေစဥ် အမည်မသိ သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် သေဆုံး သွားကြောင်း သိရသည်။

သေဆုံးသွားသော အောင်ထွေးခိုင်သည် မရမ်းချောင်ကျေးရွာ ကြံ့ဖွတ်ပါတီ အမာခံဒေါက်တိုင်ဖြစ်ကြောင်း၊ မရမ်းချောင်ကျေးရွာ မီးကော်မတီတွင်ပါဝင်ပြီး မီတာဖတ်သူဖြစ်ကာ မီတာဖတ်သည့်အခါ ကျသင့်သည့် ယူနစ်ထက် ပိုဖတ် ကြောင်း၊ အောင်ထွေးခိုင်၏ သား ၂ ဦးသည် EPC ရုံးတွင် နေ့စားဝန်ထမ်း လုပ်ကိုင်နေသူများ ဖြစ်ကြောင်း သိရသည်။

” အခုလို ပစ်သတ်ခံရတာ ကြံ့ဖွတ်ဒေါက်တိုင် ဒလံလုပ်နေလို့လား။ လျှပ်စစ်မီး မီတာ ကြောင့်လား မသိရသေးဘူး။ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ် ဆို တာတော့ မသိရသေးဘူး” ဟု kyaikhto information team မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ ကျောက်ဆည်မြိုနယ်၊ အရှေ့သာစည်လေးကျေးရွာမှ စစ်ကောင်စီ သတင်းပေးဟု စွပ်စွဲခံရသူလည်းဖြစ်၊ စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း ကောက်ယူ နေသူ ထွန်းဦး ပစ်ခတ်ခံ ရပြီး သေဆုံးသွားကြောင်း People Revolution Force Kyaukse က သတင်း ထုတ်ပြန်သည်။

ဇန်နဝါရီ ၁၈ ရက်နေ့ ည ၈ နာရီခန့်အချိန် People Revolution Force Kyaukse က ထွန်းဦးကို နေအိမ်မှ ထွက်လာစဉ် ဦးခေါင်းနှင့်ရင်ဘတ်ကို ပစ်ခတ်ရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ဦးထွန်းဦးသည် စစ်ကောင်စီ သတင်းပေးလုပ်နေပြီး ပြည်သူလူထုကို ဒုက္ခ အမျိုး မျိုး ပေးနေသူ ဖြစ်သည့်အပြင် လက်ရှိ စစ်ကောင်စီ၏ ရွေးကောက်ပွဲ အတွက် အစည်းအဝေး တက်ခြင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်းများကို ဦး ဆောင်ပြုလုပ်နေသူဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကြံ့ဖွတ်ပါတီ စည်းရုံးရေးမှူး အောင်ထွေးခိုင် ပစ်ခတ်ခံရပြီး သေဆုံး နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article