32 C
Yangon

ဒီးမော့ဆို၊ ၆ မိုင်ကျေးရွာအနီး ၃ ရက်တိုက်ပွဲတွင် စစ်သား ၆ ဦးထက်မနည်းသေဆုံး

Must read

ဒီးမော့ဆို၊ ၆ မိုင်ကျေးရွာအနီး ၃ ရက်တိုက်ပွဲတွင် စစ်သား ၆ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ၆ မိုင်စံပြကျေးရွာလမ်းတလျှောက်တွင် နေ့စဉ်နှင့်အမျှတိုက်ပွဲဖြစ် နေပြီး ဇန်နဝါရီလ ၁၃ ရက်မှ ၁၅ ရက်နေ့အတွင်း တိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးခဲ့ ကြောင်း KNDF တပ်ရင်း ၉ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့မှစတင်၍ ဒီးမော့ဆိုမြို့နယ် ၊ ၆ မိုင်စံပြ လမ်းမကြီးတစ်ကျောသို့ အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းခွဲ၍ ဝင်ရောက်လာကြောင်း၊ ၆ မိုင်စံပြကျေးရွာ ဘုရား ကျောင်း နှင့်လူနေအိမ်များ၊လမ်းမကြီးများတွင် နေရာယူခဲ့ကြောင်း၊ ဒေသခံရွာသူရွာသား များထွက် ပြေးတိမ်း ရှောင်နေရသည့် စခန်းများဘက်သို့ နေစဉ်နှင့်အမျှ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေ ကြောင်း သိရသည်။

“တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေတယ်၊ ကြီးကြီးထိတွေ့မှုမရှိတောင်မှ ခဏတဖြုတ်ဖြစ်လိုက်၊ တည် ငြိမ် လိုက်ပေါ့၊ စစ်ခွေးတွေဘက်ကတော့ နေ့နေ့ညည လက်နက်ကြီးနဲ့ အမြဲတမ်းထုတယ်၊ ည ၇ နာရီ ၈ နာ ရီ လောက်ဆိုရင် ပုံမှန် အနောက်ဘက်ခြမ်း စစ်ရှောင်တွေရှိတဲ့ဘက်ကို လက်နက်ကြီးနဲ့ ထုနေ တယ်” ဟု KNDF တပ်ရင်း ၉ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောဆိုသည်။

ဇန်နဝါရီလ ၁၁ ရက် ည ၁၁ နာရီကျော်ခန့်တွင် ၆ မိုင်စံပြကျေးရွာ ဘုရားကျောင်းအတွင်းတပ်စွဲထား‌ သော အကြမ်းဖက်စစ်သားများသည် ရွာပြင်သို့ ထွက်လာရာ KNDF တပ်ရင်း ၉ တပ်ဖွဲ့ဝင်တို့ကြား မိနစ် ၂၀ ခန့်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုမသိရသေးကြောင်း၊ KNDF တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

အဆိုပါထိတွေ့တိုက်ပွဲ အပြီး ညပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များဖက်မှ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်း သို့ လက် နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကျေးရွာတစ်ရွာအတွင်း ကျရောက် ပေါက် ကွဲပြီး ဘုန်းကြီးကျောင်း၊ ဓမ္မာရုံအပါအဝင် လူနေအိမ်များ ထိခိုက်ပျက်စီးကာ နေအိမ် တစ်လုံး မိးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီလ ၁၂ ရက် ညနေ ၃ နာရီခန့်တွင်လည်း ၆ မိုင်‌ကျေးရွာ နှင့် ဘက်သလိန်ကျေးရွာတွင် ခြေကုပ် ယူ ထားသော အကြမ်း ဖက် စစ်တပ်နေရာများနှင့် ခမရ ၄၂၇ တပ် ကင်းပုန်းတို့အား KNDF တပ်ဖွဲ့ဝင် များမှ အလစ်အငိုက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု ဆိုသည်။

အလားတူ ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့ထိ ၆ မိုင်စံပြကျေးရွာ လမ်းမကြီး တစ်ကျော၊ ဘုရား ကျောင်းတို့တွင်တပ်စွဲထားသော စစ်ကောင်စီတပ်များ နှင့် KNDF B (09) တို့အကြား ထိတွေ့ တိုက်ပွဲ များ ဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၆ ဦးထက်မနည်းသေဆုံးသည်ကို အတည်ပြုနိုင်ခဲ့ ကြောင်း၊ KNDF တပ်ဖွဲ့ဝင် များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း ၆ မိုင်စံပြကျေးရွာ တောင်ပေါ်၌ တပ်စွဲထားသော အကြမ်း ဖက် စစ်ကောင်စီတပ်သားများကို အလစ်အငိုက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။

ဓာတ်ပုံ- KNDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article