ကယားပြည်နယ်ရှိ စစ်ရှောင်ပြည်သူများကို ကျေးလက်မြေအဖွဲ့က အစားအသောက်များ လှူဒါန်း
ရန်ကုန်၊ ဇန်နဝါရီ ၂၂
ကယားပြည်နယ်ရှိ စစ်ရှောင် စခန်းတစ်ခုကို ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား အလှူရှင် ကိုယ်စား ကျေးလက်မြေအဖွဲ့မှ အစားအသောက်များ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ကရင်နီ စစ်ရှောင် ၂၂၇ ဦးအတွက် ကြက်သားဟင်း၊ ပဲကုလားဟင်း၊ ကျောက်ဖရုံသီး ကြက် ခေါင်း၊ ခြေထောက် တောင်ပံဟင်းချိူ၊ ဂေါ်ဖီထုတ်သုပ်၊ တိုင်းရင်းသားရိုးရာအထောင်းတို့ကိုပါ ကျွေးမွေးခဲ့ပြီး မုန့်လက်ကောက်၊ မုန့်လုံးကြီးကြော်၊ ကြက်သွန်ကြော်၊ ပဲစိမုန့်ကြော်နှင့် မြင်းခွာရွက်ကြော် တို့ကိုလည်း ကျွေးမွေးခဲ့ကြောင်း သိရသည်။