မင်းအောင်လှိုင်ကို အဖေခေါ်သူ၊ လူသတ်မှု၊ လိမ်လည်မှု ၊ တစ်ပါးသူ ဇနီးမယား ကို ကြာကူလီမှု များစွာဖြင့် ငွေရရှိရေး တိုင်းပြည်ဖျက်ဆီးခဲ့သူ၊ အစွန်းရောက် သွေးသောက် အဖွဲ့ တည်ထောင်သူ မိုက်ကယ်ကျော်မြင့်
By ဟိဏ်းဝေယံ
မိုက်ကယ်ကျော်မြင့်ဆိုသူဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဟောင်း ဖြိုးမင်းသိန်းကို တရားစွဲဖို့ ကြိုးစားရာက နေ နာမည်ထွက်လာ သူတစ်ဦးဖြစ်ပါတယ်။
ဦးဖြိုးမင်းသိန်း ဝန်ကြီးချုပ်ဖြစ်လာတဲ့အချိန်မှာ မြေယာကိစ္စတွေကို အ ကြောင်း ပြ NLD အစိုးရ ကိုပုံရိပ်ချဖို့လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလို လုပ်ဆောင် မှုကြောင့် မိုက်ကယ်ကျော်မြင့် ဖမ်းဆီးတရားစွဲခံရပြီး စစ်တပ်ထောက်ခံတဲ့ အမျိုးသားရေး အစွန်းရောက်တွေက သူ့ဘက်ကနေ ဝန်းရံခဲ့ကြပါတယ်။
အဲဒီကနေ တစ်ဆင့် တစ်ဆင့် အမျိုးသားရေးအစွန်းရောက်တွေရဲ့ စင်တင် ဝန်းရံ ပေးမှု၊ စစ်တပ်ရဲ့ ကျောထောက်နောက်ခံပေးမှုတွေနဲ့ လူတွင်ကျယ်လုပ် ပါတီထောင် ငွေတစ်မျက်နှာတည်းအတွက် စစ်အာဏာသိမ်းရေး တက်ကြွ လှုပ်ရှား တိုင်းပြည် ဖျက်ဆီးခဲ့သူလည်းဖြစ်ပါတယ်။
အစောပိုင်းကာလ ကြာကူလီ မိုက်ကယ်ကျော်မြင့်
===========================
မိုက်ကယ်ကျော်မြင့်ဟာ ထိုင်းနဲ့ မလေးရှားနိုင်ငံကို တရားမဝင် အလုပ်သမား တွေ ပို့ဆောင် လူကုန်ကူး ပါတယ်။ အဲဒီလို ပို့ဆောင်ဖို့ မြ၀တီမှာ လာရောက် အခြေချ နေထိုင်ပြီး ကရင်လက်နက်ကိုင်အဖွဲ့ PC မှ သားကြီးဆိုသူ တပ်ဖွဲ့ဝင်ရဲ့ ဇနီးကို ကြာကူလီလုပ်ပြီး ကောက်ယူလိုက်ပါတယ်။
အဲဒီနောက်မှာတော့ ကရင် လက်နက်ကိုင် PCအဖွဲ့ ရဲ့ ယူနီဖောင်းတွေဝတ်ပြီး လူမှုကွန်ရက်မှာတင် ဟိတ်ဟန်ထုတ် လိမ်စား ညာစား ခြောက်စား စလုပ်ပါ တယ်။ လူကုန်ကူးမှုအတွက် မိုက်ကယ်ကျော်မြင့်အစား ထောင်ချခံရတဲ့ သူတွေ လည်းများစွာရှိခဲ့ပါတယ်။
အဲဒီနောက်မှာ လက်နက်ပွဲစားလိုလိုလည်း အလုပ်လုပ်ခဲ့ပါသေးတယ်။ NLD ဝန်ကြီးချုပ်း ဖြိုးမင်းသိန်းကို ဆန္ဒ ပြဖို့ ကြိုးစားမှုနဲ့ အပြီးမှာ မိုက်ကယ် ကျော် မြင့် ဟာ သူ့ကိုယ်သူ နာမည်ကြီး ထင်ပေါ်လိုစိတ်တွေနဲ့ စစ်တပ် ထောက်ပံ့ငွေ ရရှိရေးအတွက် NLD အစိုးရနှင့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တစိုက်မတ်မတ် တိုက်ခိုက်ခဲ့ပါတယ်။
စစ်တပ်အလိုကျ ဘာသာရေးနှင့် လူမျိုးရေးပဋိပက္ခ မီးမွှေးခြင်း
===================================
မိုက်ကယ်ကျော်မြင့်က အမျိုးသားရေး အစွန်းရောက်နဲ့ မဘသတွေ၊ စစ်တပ် ထောက် ခံသူတွေက သူ့ကို ဝန်းရံသူတွေ များလာတာနဲ့အမျှ NLD အစိုးရ အပေါ် တိုက်ခိုက်ဝေဖန်မှုတွေကို အရှိန်မြှင့်လာတဲ့အပြင် ဆိုရှယ်လူမှုကွန် ရက်ကနေ ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်စေဖို့ မီးမွှေးပါတော့တယ်။
၂၀၁၉ ခုနှစ် မေ ၁၅ ရက်ညပိုင်း မိုက်ကယ်ကျော်မြင့် ဦးဆောင်ပြီး တောင်ဒဂုံ မြို့ နယ် ၁၀၆ ရပ်ကွက်ရှိ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုရာနေရာကို အင် အား ၁၀၀ ကျော်နဲ့ အဓိကရုဏ်း ဖြစ်ပွားအောင် လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီ အစ္စလမ်ဘာသာဝင်တွေရဲ့ ဝတ်ပြုရာနေရာဟာ NLD အစိုးရက တရား ဝင်ခွင့်ပြုထားတဲ့နေရာဖြစ်ပါတယ်။ အဲဒီအတွက် မိုက်ကယ်ကျော်မြင့်ကို NLD အစိုးရက အမှုဖွင့် အရေးယူခဲ့ပါတယ်။
ဒါ့အပြင် တောင်ဒဂုံ မှာ ရခိုင်ပြည်နယ်မှ မွတ်စလင်များ ဝင်ရောက်တယ်ဆိုပြီး ဘာသာရေး ပဋိပက္ခ ဖြစ်အောင် လူမှုကွန်ရက်ကနေ မိုက်ကယ်ကျော်မြင့်က Live လွှင့် လှုံ့ဆော်ခဲ့ပါသေးတယ်။
ဥပဒေချိုးဖောက်ပြီး ပဋိပက္ခဖြစ်အောင် လှုံ့ဆော်ခဲ့တဲ့ မိုက်ကယ်ကျော်မြင့် နဲ့ သီဟမျိုးနိုင် ခေါ် နိုင်ဒဂုံ (အမျိုးသားရေးအစွန်းရောက်ဘုန်းကြီးသုစိတ္တတပည့်) တို့၂ ဦးကို ပုဒ်မ ၅၀၅ ခ ဖြင့်တောင်ဒဂုံ မြိုနယ်မှာ တရားစွဲဆိုခံရပြီး ပြစ်မှု ထင်ရှားတဲ့ အတွက် ၂၀၁၉ ခုနှစ်မှာပဲ ထောင်ချအပြစ်ပေးခဲ့ပါသေးတယ်။
မိန်းမ ၉ ဦး အထိ ယူထားသူ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး အမည်ခံ ကြာကူလီ မိုက်ကယ်ကျော်မြင့်
========================================
ငွေရရှိရေးအတွက် အမျိုးသားဘာသာသနာ လို့ လူကြားကောင်းအောင် အော် နေ ပေမယ့် မိုက်ကယ်ကျော်မြင့်က စာရိတ္တနဲ့ ကိုယ်ကျင့်တရားမကောင်းဘဲ တစ်ပါးသူရဲ့ ဇနီးမယားတွေကို ဖြတ်ယူ၊ အမျိုးသမီးငယ်များကို ဖျက်ဆီး တတ် သူ အဖြစ် နာမည်ကြီးပါတယ်။ သူ တရားဝင် တစ်ယောက်ပြီး တစ်ယောက် ယူထားသူ မိန်းမ ၉ ဦး ရှိပါတယ်။
သူ့မိန်းမတွေထဲမှာ လူသိအများဆုံးတော့ သူထောင်ထားတဲ့ အခြေခံ လူတန်း စား ဘဝ မြင့်မားရေးပါတီရဲ့ နာမည်ခံ ဥက္ကဋ္ဌ သင်းသင်း ဝေ ဖြစ်ပါတယ်။ ဒါ့အပြင် အခြေခံလူတန်းစား ဘ၀ မြင့်မားရေး ပါတီရဲ့ အမတ်လောင်း မိုးမိုးခိုင် ကို လက်ထပ်ယူခဲ့သလို အရက်ပုံးရောင်းချသူ ချောကခိုင်ကိုလည်း လက်ထပ် ယူခဲ့ပါတယ်။
အခြေခံလူတန်းစားဘ၀မြင့်မာရေးပါတီ
======================
မိုက်ကယ်ကျော်မြင့်က ၂၀၁၉ ခုနှစ် မေလအတွင်းမှာ အခြေခံလူတန်းစား ဘ၀ မြင့်မားရေးပါတီကို ထူထောင်ပြီး အခြေခံလူတန်းစားများအတွက် ဆောင် ရွက် မယ်လို့ မိုက်ကယ်ကျော်မြင့်က ကြွေးကြော်ပါတယ်။
သူကိုယ်တိုင်တောင် အကြွေးပတ်လည်နဲ့ အိမ်လခတောင် နပ်မှန်အောင် မပေး နိုင်သူပဲ ဖြစ်ပါတယ်။ သူထောင်က ထွက်ချိန်မှာလည်း စစ်တပ်ရဲ့ ထောက်ပံ့ မှုတွေနဲ့ လူမွှေး ပြောင်လာပါတယ်။
ဒါ့ပေမယ့်လည်း သူက တချိန်က ကားတွေ ငှားစီး၊ တစ်ဖက်မှာ ပြန်ပေါင်စား ၊ ပေါင်စားပြီးရင် ကားစာအုပ် ပျောက်ဆုံးကြောင်းတွေပြန်လုပ် ပြီး ငွေကြေး တွေကို လိမ်ညာမှုတွေ အတွက် တင်နေတဲ့ အကြွေးတွေလည်း ပြန်မဆပ်ဘဲ ထွက်ပြေးတိမ်းရှောင်နေပါတယ်။
အာဏာသိမ်း ပြီးကာလ တွေမှာတော့ သူဟာ စစ်တပ်ဘက်ကနေ တစိုက်မတ် မတ် အလုပ်လုပ်ပေးနေပြီး စစ်တပ်ကို ပြန်လည်ဝေဖန်သော အမျိုးသား ရေး အစွန်း ရောက်တွေကိုပါ သူဟာနှိပ်ကွက်တာတွေလုပ်ပါတယ်။ အဲဒီအတွက် လည်း သူက စစ်တပ်ဆီကနေ ငွေကြေးအမြောက်အမြား ရရှိနေတာ လည်း ဖြစ်ပါတယ်။
အခြေခံလူတန်းစားဘ၀မြင့်မားရေး ပါတီ တာဝန်ရှိသူအနေနဲ့ ၂၀၂၀ အတွင်းမှာ မင်းအောင်လှိုင်ကို သွားတွေ့ခဲ့ပြီး သူ့ အဖေ ဖြစ်တယ်လို့ အရှက်မရှိ ခေါ်ရဲသူ လည်းဖြစ်ပါတယ်။
စားခွက်လုမှုနှင့် အမျိုးသားရေးသမားများ အကြားမှာ ပြဿနာများ
=====================================
မိုက်ကယ်ကျော်မြင့်က အရည်ခြုံဘုန်းကြီးသုစိတ္တ ဦးဆောင်တဲ့ MNO အဖွဲ့နဲ့ အဓိက ပြသာနာဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ သာမာန် ပြည်သူ တွေ အပေါ် မှာ မတရား အမှုဆင်ပြီး တိုင်းတန်း ငွေညစ်တဲ့ အလုပ်ကိုလည်း လုပ်ကိုင် ပါတယ်။
မန္တလေး၊ ချမ်းမြသာစည်မြို့နယ်မှ စစ်တပ် သတင်း ပေးခဲ့သူ နေနီအောင်ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့မှာ မိုက်ကယ်ကျော်မြင့်က စစ်တပ် နဲ့ပူး ပေါင်းပြီး နန်းတွင်းထဲခေါ်ယူ သတ်ဖြတ်လိုက်ပါတယ်။ နေနီအောင်ရဲ့ အလောင်းကို အမြန်လမ်းဘေးမှာ စွန့်ပစ်ခဲ့ပါတယ်။
မိုက်ကယ်ကျော်မြင့်က ကိုယ်ကျိုးစီးပွားအတွက် ဘယ်သူ့ကိုမဆို သတ်ဖြတ် ဝန်မလေးတတ်သူလည်းဖြစ်ပါတယ်။
အခုနောက်ပိုင်း စစ်ဘက်ထောက်လှမ်းရေး ဗိုလ်ကြီး သန့်ဇင်ကျော် က အမျိုး သားရေးအစွန်းရောက်တွေကို စပွန်ဆာ မပေးတော့ဘဲ မိုက်ကယ် ကျော်မြင့် ကိုသာ ဦးတည်ပြီး ထောက်ပံ့ပေးပြီး အာဏာသိမ်းစစ်အုပ်စု ထောက်ခံပွဲတွေ လုပ်ခိုင်းပါတယ်။
မန္တလေးနဲ့ ရန်ကုန်မှာ ပြုလုပ်တဲ့ စစ်တပ်ထောက်ခံပွဲ၊ PDF NUG ဆန့်ကျင် ရေး ဆန္ဒပြပွဲတွေအတွက် မိုက်ကယ်ကျော်မြင့်ပဲ စပွန်ဆာရနေလို့ အမျိုးသား ရေးအစွန်းရောက်တွေကလည်း မိုက်ကယ်ကျော်မြင့်ကို တွေ့ရာသင်္ချိုင်း ဓားမ ဆိုင်း လို့ကြွေးကြော်နေကြပါတယ်။
တကယ်တော့ မိုက်ကယ်ကျော်မြင့် ဟာ မဘသနဲ့ အမျိုးသားရေး အမည်ခံပြီး ငွေကြေးတစ်ခုတည်းအတွက် ဘာမဆိုလုပ်နေသူသာ ဖြစ်ပါတယ်။
သွေးသောက် အဖွဲ့ ဖွဲ့စည်းခြင်း
===================
မိုက်ကယ်ကျော်မြင့်က မန္တလေး မှာ အခြေချပြီး ပေါက်ကိုယ်တော်၊ ကျော်မျိုး ဆွေ၊ သာကေတ လူမိုက်အမည်ခံ တင်လင်း ထိုက် တို့နဲ့ အတူ သွေးသောက် အဖွဲ့ ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။
ထိုမှတဆင့် မြန်မာပြည်အနှံ့ စွန်ရဲ၊ သွေးသောက် စတဲ့ အဖွဲ့တွေ ဖွဲ့စည်းကာ ပြည်သူလူထုကို အသက်အိုးအိမ် စည်းစိမ်တွေကို ဖျက်ဆီး သတ်ဖြတ်မှု တွေ လုပ် ဆောင်ပါတယ်။
လက်ရှိ မိုက်ကယ်ကျော်မြင့်ဟာ ကားတစ်စီး၊ လူသူ လက်နက် အပြည့်အစုံနဲ့ စစ် တပ်ထောက်ခံရေးနဲ့ စစ်တပ်ဆန့်ကျင်နေတဲ့ ပြည်သူတွေကို သတ်ဖြတ်ရေး လုပ် ငန်းတွေကို နယ်လှည့် စည်းရုံး လုပ်ဆောင်နေတဲ့ တိုင်းပြည်ဖျက် သမိုင်း တရားခံ လူဆိုးလူမိုက် အဖြစ် ဆက်လက် ရပ်တည်နေပါတယ်။
