လက်နက်ကိုင် ပျူစောထီး ခေါင်းဆောင် ဝါသဝ ၏ ကားတန်းကို မိုင်းဆွဲ တိုက် ခိုက်သော်လည်း ဝါသ၀ မပါသဖြင့် တပည့် သင်္ကန်းဝတ် ပျူစော ထီး ခေါင်း ဆောင်ကိုသာ မိုင်းထိမှန်
ရန်ကုန်၊ ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မှော်တောကျေးရွာနှင့် တော်က္ကရှပ်ကျေးရွာ အကြား တွင် သင်္ကန်းဝတ် ပျူစောထီးခေါင်းဆောင် ဝါသဝကားကို မိုင်းဆွဲတိုက် ခိုက်ခဲ့ကြောင်း Taze Revolution Force – TRF မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇန်နဝါရီလ ၂၁ ရက်နေ့က စစ်ကောင်စီဒေါက်တိုင် ကန့်ဘူလူမြို့နယ်၊ မှော် တော ကျောင်းတွင် နေထိုင် သော ဝါသဝသည် တောက္ကရှပ် ကျေးရွာဘက်သို့ ကားဖြင့်ထွက်လာစဉ် တောက္ကရှပ်ကျေးရွာချောင်းအနီး အရောက် အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားစုတ်ပြတ်သွားပြီး ထိခိုက် ဒဏ်ရာ ရရှိသူ အချို့ ရှိခဲ့ကြောင်း သိရသည်။
“ဝါသဝကားထွက်အလာမှာ အဝေးထိန်းကရိယာတပ်ဆင်ထားတဲ့ မိုင်းနဲ့ တိုက် ခိုက်ခဲ့တာ၊ ကားစုတ် ပြတ်သတ်သွားတယ်လို့တော့ သိရတယ်၊ အတိ အကျ တော့ မသိရသေးဘူး၊ လက်ရှိတော့ ဝါသဝကျောင်း မှာ လုံခြုံရေး တင်း ကျပ် ထားတယ်လို့ နယ်ခံတွေဆီက သတင်းရတယ်” ဟု Taze Revolution Force – TRF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြာဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးမတပ်မတော် တပ်ရင်း ၁၆ က တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည် သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက် မရှိ အောင် မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်တစ်ခုကမူ မိုင်းဆွဲခံရသော ကားသည် ဝါသ၀၏ ကားမှန်ကန်သော်လည်း ဝါသ၀ မပါဘဲ သူ၏ တပည့်ဖြစ်သူ သင်္ကန်း ဝတ် ပျူစောထီးခေါင်းဆောင် တစ်ဦးလိုက်ပါကြောင်း၊ အဆိုပါ ပျူစောထီး ခေါင်း ဆောင် မိုင်းထိမှန်ကြောင်း ပြောဆိုသည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူတွင် သင်္ကန်းဝတ် ဝါသ၀သည် စစ်တပ်၏ လက်နက် တပ်ဆင် ထောက်ပံ့မှုများဖြင့် ပျူစောထီးအဖွဲ့အများအပြား တည်ထောင်နေ သူ လည်း ဖြစ်သည်။
