ပေါက်မြို့နယ်၊ ပန်းတော်ကန်ရွာကို စစ်တပ်က ယနေ့ ညပိုင်း မီးတင်ရှို့နေ
ရန်ကုန်၊ ဇန်နဝါရီ ၂၅
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ပန်းတော်ကန်ရွာကို အကြမ်းဖက် စစ်တပ်က ယ နေ့ ညပိုင်းတွင် မီးတင်ရှို့နေကြောင်း We Love Myaing အဖွဲ့ထံမှ သိရသည်။
ဇန်နဝါရီ ၂၅ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ပေါက်မြို့နယ် တောင်ပိုင်း ပန်းတော်ကန်ရွာကို မီးရှို့ဖျက်ဆီးနေခြင်း ဖြစ် ကြောင်း သိရသည်။
” မီးက များနိုင်တယ်။ ညဘက်ကြီးထွက်ပြေးနေရတာဆိုတော့ ပြည်သူတွေ ထိ ခိုက်မှု ရှိ မရှိနဲ့ ပျက်စီးဆုံးမှု အခြေအနေတွေတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။

