27.7 C
Yangon

ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာတွင် စစ်တပ် ပစ်ခတ်သော လက် နက် ကြီးကျည်ထိမှန်၍ အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး ၁၃ နှစ် အရွယ် ကလေးငယ် ဒဏ်ရာရ

Must read

ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာတွင် စစ်တပ် ပစ်ခတ်သော လက် နက် ကြီးကျည်ထိမှန်၍ အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး ၁၃ နှစ် အရွယ် ကလေးငယ် ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ၂၇

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာတွင် စစ်တပ်က ပစ် ခတ် သော လက်နက်ကြီးကျည်ထိမှန်၍ အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး အသက် ၁၃ နှစ်အရွယ် ကလေးငယ် ဒဏ်ရာရရှိကြောင်း‌ ဒေသ ပြည် သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ကသာမြို့နယ်၊ ကျောက်ထုံး ကြီး ကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ တိုက်ပွဲ ဖြစ်ပွား ခြင်းမရှိဘဲ ပစ်ခတ်ကြောင်း၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျည်ထိ မှန်၍ အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး အသက် ၁၃ နှစ် အရွယ် ကလေးငယ် ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ပစ်တာက ကသာမြို့အနီးက အောင်မြေသာစည်ကျေးရွာ ဘုန်းတော် ကြီး ကျောင်း အတွင်းမှာ တပ်စွဲထားတဲ့ စစ်တပ်က ပစ်ခတ်ခဲ့တာ။ လက်နက်ကြီး ၁၂၀ မမ ပစ်လိုက်တာ။ လက်နက်ကြီး အရေအတွက်က ၉လုံးပစ်တာမှာ ၈ လုံး က ရွာအပြင်ကျတယ်။ လက်နက်ကြီး ၁ လုံးကတော့ ရွာ အလယ်ခေါင် ကျတာ။ အသက် ၁၂နှစ်အရွယ် ကလေးငယ်၁ ဦးကျည်ထိမှန်သေဆုံးပြီး အသက် ၁၃ နှစ်အရွယ်ကလေးငယ်တစ်ဦးဒဏ်ရာရရှိခဲ့တယ်” ဟု ဒေသ ပြည် သူတစ်ဦးက ပြောသည်။

စစ်ကောင်စီက ကျောက်ထုံးကြီးကျေးရွာကို ယခင်ကလည်း လက်နက် ကြီး များဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျေးရွာသူတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article