ကနီတွင် CDM ဝင်ထားသည့် ဆင်ဦးစီး မိသားစုကို ဆန်တစ်တင်းခွဲ ၃၂ အိတ်နှင့် ငွေကျပ် သိန်း ၁၀၀ လှူဒါန်း
ရန်ကုန်၊ ဇန်နဝါရီ ၂၉
ကနီမြို့နယ်တွင် CDM ဝင်ထားသည့် ဆင်ဦးစီး မိသားစုကို ဆန်တစ်တင်းခွဲ ၃၂ အိတ်နှင့် ငွေကျပ် သိန်း ၁၀၀ လှူဒါန်းခဲ့ကြောင်း KLG PDF (ကျောက်လုံးကြီး) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ကနီမြို့နယ်တွင် CDM ဝင်ထားသည့် ဆင်ဦးစီး မိသားစု ၃၂ စု လူဦးရေ ၁၁၇ ဦး ဆင်ကောင်ရေ ၃၆ ကောင်အတွက် ပြည်သူများမှ ထောက်ပံ့လှူဒါန်းထားသည့် ဆန်တစ်တင်းခွဲ ၃၂ အိတ်နှင့် ကနီမြို့နယ် လူသားချင်းစာနာအဖွဲ့မှ လှူတန်းထားသည့် ငွေကျပ် သိန်း ၁၀၀ တိတိကို KLG PDF (ကျောက်လုံးကြီး) အဖွဲ့မှ ဆင်ဦးစီးမိသားစုထံ သွားရောက် ပေးအပ် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

