Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-မန္တလေးတိုင်း၊ ပြင်ဦးလွင် တပ်နယ်၊ ဆက်သွယ်ရေးနှင့် အီလက်ထရောနစ်သင်တန်းကျောင်းက ဒုတိယ ကျောင်းအုပ် ဒုတိယဗိုလ်မှူးကြီး ကျော်စိုးအောင်ကို ဒုတပ်ကြပ်တစ်ဦးက သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ စစ်တပ်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
– မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ကန်တော်ရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောပါတယ်။
– စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ မီးသတ်ရုံးမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
