26 C
Yangon

Breaking News- KNU နယ်မြေရှိ ရွှေတွင်းလုပ်ကွက်များကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူ ၆ ဦးထက်မနည်းသေဆုံး၊ ရွှေတွင်း လုပ် သား အနည်ဆုံး ၅၀ နီးပါး သေဆုံး နိုင်ပြီး ပျောက်ဆုံးမှု များရှိနေဟုဆို

Must read

Breaking News- KNU နယ်မြေရှိ ရွှေတွင်းလုပ်ကွက်များကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူ ၆ ဦးထက်မနည်းသေဆုံး၊ ရွှေတွင်း လုပ် သား အနည်ဆုံး ၅၀ နီးပါး သေဆုံး နိုင်ပြီး ပျောက်ဆုံးမှု များရှိနေဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၉

ကရင်ပြည်နယ်၊ KNU နယ်မြေရှိ ရွှေတွင်းလုပ်ကွက်များကို စစ်ကောင်စီက တိုက် လေယာဉ် များဖြင့် ဗုံးများ ကျဲချခဲ့ရာ ပြည်သူ ၆ ဦးထက်မနည်း သေဆုံး ကြောင်း KNU မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်ပြီး ရန်ကုန်ခေတ်သစ်၏ သတင်း ရင်းမြစ်များအဆိုအရ စစ်တပ်တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံး သူ ရွှေအလုပ်သမား ၅၀ နီးပါးရှိနိုင်ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၇ ရက်၊ နံနက် ၁၀ နာရီအချိန် KNU တပ်မဟာ ၅ နယ်မြေ အတွင်း သို့ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်၊ ဗုံးကြဲခဲ့ရာ ပြည်သူ့ ဆေးရုံအပါအဝင် နေအိမ် အဆောက်အဦး ၇ လုံး ပျက်စီးခဲ့ကြောင်း၊ ယင်းနေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် စစ်ကောင်စီတပ်က ဒွဲ့လိုးမြို့နယ်၊ မဲ့သူ့အုပ်စု၊ ယာယီထာ့ရွာအတွင်းသို့ လေယာဥ်ဖြင့် ဗုံး ၄ လုံး ကျဲချသဖြင့် ဒေါ်နွယ်နီ၊ ၎င်း၏သား ၂ ဦး၊ ချွေးမ ၁ ဦးနှင့် အိမ်အလုပ်သမား ၂ ဦး စုစုပေါင်း ၆ ဦးတို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။

“တပ်မဟာ ၅ နယ်မြေဘက်မှာ ရွှေတွင်းလုပ်ကွက်တွေ၊ ရွှေလာရောင်းပြန် ကောက် တဲ့ စျေးဆိုင်တန်းနယ်မြေရှိတယ်။ အဲဒီနေရာကို ကျဲချသွားတာ။ အခု မိသားစု ၅ ဦးကတော့ အတည်ပြုနိုင်ပြီ။ ကျန်တဲ့သူတွေလည်း ပျောက်နေတယ် လို့ပြောတယ်။ အဲဒီနားက ရွှေတွင်း အလုပ်သမားတွေ အတွက် စျေးဆိုင်တန်း လို နေရာမျိုးဆိုတော့ အနည်းဆုံး လူက ၄၀ နဲ့ ၅၀ အကြား အမြဲရှိနေတဲ့နေရာ။ အပေါ်က ကြည့်ရင်တော့ စခန်းလိုလို ဖြစ်နေပေမယ့် တကယ်က ရွှေတွင်း စျေးဆိုင် တန်းတွေ။ အတည်ပြုနိုင်သူတွေလည်း အလောင်းတော့ ပြန်မရဘူး။ အကုန် မွစာကျဲသွားတာ” ဟု KNU သတင်းရင်းမြစ်တစ်ခုက ပြောသည်။

လက်ရှိတွင် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချသွားသော နေရာကို ဆက် လက် စိစစ်နေဆဲဖြစ်ပြီး အထိအခိုက် သေဆုံးမှု အတိအကျ ဆက်လက် စုံစမ်း နေဆဲဖြစ်ကြောင်း၊ သေဆုံးမှုအနေဖြင့် ရွှေတွင်းလုပ်သား ၅၀ နီးပါး ရှိနိုင် ကြောင်း သိရှိရသည်။

“တပ်မဟာ ၅ ဒေးဖိုးနို ကနေ စပစ် လာပြီးတော့ တပ်မဟာ ၁ မဲပလီ အထက် နား သစ်ခေါထရွာအနီး ရွှေတွင်းလုပ်ကွက်၊ စျေးဆိုင်တန်းတစ်လျှောက် ပစ်ချ သွားတာ။ ရွှေတွင်း ရွှေ့ပြောင်းလုပ်သားတွေ ယာယီစုပေါင်းနေထိုင်ရာ တဲလိုင်း ခန်းတွေနဲ့ တဲစုတွေအားလုံးပစ်ချခံခဲ့ရတယ်။ ရွှေတွင်းလုပ်သား ၄၅ နဲ့ ၅၀ ကြားသေဆုံးနိုင်တယ်”ဟု KNU သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article