33 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဆိုင်ကယ် နဲ့ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ အမှတ် ၃၁၇ အမြောက်တပ်က တပ်သားတွေကို ဒီကနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းက YGF အဖွဲ့ကနေ တိုက်ခိုက်ရာမှာ စစ်ကောင်စီ တပ်သား ၅ ဦးသေပြီး လက်နက် ၃ လက်ရပါ ခဲ့တယ်လို့ YGF အဖွဲ့ရဲ့ ဗိုလ်ကျန်ရစ်က သူ့ရဲ့ လူမှုကွန်ရက် ကနေ/တစ်ဆင့် သတင်းထုတ်ပြန်ထားပါတယ်။

– ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမှာ ဒီကနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီရဲ့ လက်ထောက် ညွှန်ကြားရေးမှူးဟောင်း ရွှေဝင်း ဆိုသူ ပစ်ခတ်ရှင်းလင်း ခံရပြီး သေသွားပြီလို့ သတင်းထွက်ပေါ်ခဲ့တယ်ဆိုပြီး ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

-စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို PDF တပ်ဖွဲ့တွေက ဇန်နဝါရီ ၁၉ ရက်နေ့ နဲ့ ဒီကနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့တွေမှာ ၂ ရက်ဆက်တိုက် တိုက်ခိုက်မှု အတွင်း စစ်ကောင်စီဘက်က ၇ ဦးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article