31.9 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၃ ရက် ညနေပိုင်းရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၃ ရက် ညနေပိုင်းရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့်သတင်းတွေကတော့

-အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ် နဲ့ တပ်ကြပ်ကြီး မြင့်အောင် ဆိုသူ တို့ကို ဇန်နဝါရီလ ၂၂ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ အသေပစ်ခတ် ဖမ်းဆီးပြီး လက်နက်တွေပါ သိမ်းဆည်း ရရှိခဲ့တယ်လို့ Bago PDF ကနေ သတင်းထုတ်ပြန်ထားပါတယ်။

– ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကံလှကျေးရွာ နဲ့ ဗောဓိကုန်း ကျေးရွာကြားမှာရှိတဲ့ အရေပြား-ကုန်းကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီလ ၂၁ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ခုခံတိုက်ခိုက်ရာမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ၇ ဦး သေသွားတယ်လို့ သံတောင်မြောက်ပိုင်းအထူးတပ်ဖွဲ့ ဆီကနေ သိရပါတယ်။

– စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာမှာရှိတဲ့ ပျူစောထီးစခန်းကို PDF တပ်ဖွဲ့တွေက ဒီကနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်းက ဝိုင်းဝန်း တိုက်ခိုက်ရာမှာ ပျူစောထီး ၄ ဦးသေသွားတဲ့ သတင်း အပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article