33 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂၆ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-အကြမ်းဖက် စစ်ခေါင်းဆောင် အာဏာလု မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် စစ်ဗိုလ်ချုပ်တွေနဲ့ အပေါင်းအပါတွေကို လူမျိုးတုန်း သတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုတွေ အတွက် အရေးယူဖို့ ဂျာမနီနိုင်ငံမှာ တိုင်ကြားချက် ဖွင့်လှစ်လိုက်တယ်လို့ Fortify Rights ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင် နစ်ကီဒိုင်းမွန်း က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီးရွာမှာရှိတဲ့ ပျူစောထီးစခန်းကိုဇန်နဝါရီလ ၂၅ ရက်နေ့ ညပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ရာမှာ ပျူစောထီး ၁၀ ဦးထက်မနည်း သေသွား တယ်လို့ Shwe Bo Local People Defense Force ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ တရားရေးဝန်ကြီးဌာန ၊ တရားရေးအဖွဲ့ရုံးကို ဇန်နဝါရီလ ၂၄ ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article