29 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂၈ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

အကြမ်းဖက် စစ်ကောင်စီရဲ့ လျှို့ဝှက် သတင်းတွေပေါက်ကြားနေမှုကို အရေးယူဆောင်ရွက်ဖို့ မင်းအောင်လှိုင်က အစည်းအဝေးမှာ ဖိအားပေးပြော ဆိုခဲ့သလို ၊ စစ်ကောင်စီတပ်က အခြေအနေ မဟန်မှုကို နားလည်လာတဲ့ စစ်အရာရှိတွေလည်း တပ်ကနေ ထွက်ခွင့်ရဖို့ ကြိုးစား လာနေကြတယ်လို့ တပ်တွင်းသတင်းရင်းမြစ်ကဆိုပါတယ်။

– ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ မကြာခဏ အသုံးပြု ဝင်ရောက်နေတဲ့ ဒါလီချောင်းကူးတံတား လုံး၀ ပြိုကျ ပျက်စီးသွားတဲ့အတွက် စစ်ကောင်စီတပ်တွေ သွားလို့ မရတော့ဘူးလို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီးရွာမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ပျူစောထီး စစ်စခန်းကို PDF တပ်ပေါင်းစုက ဇန်နဝါရီလ ၂၅ ရက်နေ့က ဝင်ရောက် တိုက်ခိုက်တဲ့ ဖြစ်စဉ်မှာ ပျူစောထီး ၁၀ ဦးထက်မနည်း သေဆုံးခဲ့တဲ့အပြင် ၊ ပျူစောထီး ၁၈ ဦးကိုပါ ဖမ်းဆီး ရရှိထားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article