30 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂၈ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ကျောက်ထုံးကြီးကျေးရွာမှာ စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး အသက် ၁၂ နှစ်အရွယ်ကလေးငယ် ၁ ဦး သေဆုံးပြီး အသက် ၁၃ နှစ်အရွယ် ကလေးငယ်မှာ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။

– ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ အရှေ့ဘက် တောင်ညိုဆည်မှာ စစ်တပ်စက်လှေတစ်စီးကို ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေသွားတယ်လို့ Phonex DF (နတ်တလင်း PDF) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။

– မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ရေးဘီလူးအဖွဲ့ ရဲ့ သတင်းကို သာသနာအမှတ်တံဆိပ်ကားနဲ့ လိုက်လံစုံစမ်းနေတဲ့ ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေသွားပါတယ်။

– မကွေးတိုင်း မြိုင်မြို့နယ်၊ တဲကြီးကျေးရွာမှာ ညအိပ်ရပ်နားခဲ့တဲ့ အကြမ်းဖက်စစ်တပ် ရိက္ခာတင် စစ် ကြောင်းဟာ ဖောကား ၄ စီးနဲ့ နသတ်ကျေးရွာဘက်ကို ထွက်လာစဉ် မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် စစ်သား ၁၀ ဦးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article