31 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၃၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၃၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာ ရွှေဝါဆပ်ပြာစက်ရုံရဲ့ ဒုမန်နေဂျာ ဗိုလ်ကြီးဟောင်း မြင့်စိုးဆိုသူဟာ ဒီကနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ပစ်ခတ်ရှင်းလင်းခံရပြီး နေရာမှာတင် ပွဲချင်းပြီးသေသွား တယ်လို့ ရဲသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

– မကွေးတိုင်း၊ မကွေးမြို့ပေါ်မှာ စစ်အာဏာရှင် တော်လှန်ရေးအသံတိတ် သပိတ်ကို ပျက်စီးစေဖို့ အတွက် ရည်ရွယ်ပြီးတော့ ပြည်သူတွေရဲ့ ဆိုင်ကယ် နဲ့ ကားလိုင်စင်တွေကို အကြမ်းဖက် စစ်ကောင်စီ တပ်နဲ့ ရဲတွေက အကြောင်းမဲ့ ဖမ်းဆည်း သိမ်းဆည်းပြီး အသံတိတ်သပိတ်လုပ်မယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကျမှ မဖြစ်မနေ လာရွေးရမယ်ဆိုပြီး အမိန့်ပေး ခြိမ်းခြောက် နေတယ်လို့ သိရပါတယ်။

-အကြမ်းဖက် စစ်ကောင်စီရဲ့ လျှို့ဝှက်အစည်းအဝေးမှာ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင် ညွှန်ကြားတဲ့အတိုင်း မိုဘိုင်းလ်ဖုန်း SMS တွေကနေ တစ်ဆင့် NUG ၊ PDF တွေကို ထောက်ခံခြင်းမ ပြုဖို့ဆိုတဲ့ ခြိမ်းခြောက်စာတွေကို ဒီကနေ့ ဇန်နဝါရီလ ၃၀ ရက်ကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီက ပြည်သူတွေ အားလုံးရဲ့ မိုဘိုင်းလ်ဖုန်းတွေကို စာတို ပေးပို့လာတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article