32 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၃ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ဆင်ငယ် ရွာမှာရှိတဲ့ ပျူစောထီး စခန်းကို PDF တပ်ဖွဲ့တွေက ဒီကနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းမှာ သိမ်းပိုက်နိုင် ခဲ့သလို ၊ စစ်ကောင်စီဘက်က အယောက် ၃၀ နီးပါး သေသွားတယ်လို့ တန့် ဆည် ပကဖ အဖွဲ့ဆီကနေ သိရပါတယ်။

-စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ လက်ဖက်ရည်ထွက်သောက်တဲ့ အကြမ်း ဖက် စစ်ကောင်စီတပ်သား တွေကို ဒီကနေ့ ဇန်နဝါရီလ ၃ ရက်နေ့ မနက်ပိုင်း က ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကနေ မိုင်းဆွဲ တိုက်ခိုက် ခဲ့ရာမှာ စစ်ကောင်စီ ဘက်က စစ်ဗိုလ် ၁ ဦးအပါအဝင် ၄ ဦး ဒဏ်ရာရသွားတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။

– ရွှေဘိုခရိုင် အမှတ် ၁၈တပ်ရင်း (၀က်လက်မြို့နယ် နယ်စည်းမခြား တော်လှန် ရေးအင်အားစု) နယ်မြေ အတွင်းမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ မီးရှို့ ဖျက်ဆီးမှုကြောင့် နေအိမ် မီးလောင် ဆုံးရှုံးခဲ့ရတဲ့ ကျေးရွာတွေကို ပြည်သူ့ ကာ ကွယ် ရေးတပ်ဖွဲ့တွေနဲ့ ဆေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ကျန်းမာရေး စောင့်ရှောက် မှုတွေ ပြုလုပ်ပေးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article