34 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၄ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ တပ်ရင်း ၃ ခုကို ပြည်သူ့ကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုက ဒီကနေ့ ဇန်နဝါရီလ ၄ ရက်နေ့ မနက်ပိုင်းမှာ ဝင် ရောက်တိုက်ခိုက်ရာမှာ တပ်ရင်း ၂ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ၊ စစ်ကောင်စီဘက်က လူတွေကို အရှင် ဖမ်းဆီးရမိထားသလို ၊ စစ်ကောင်စီဘက်က အသေများနေတယ်လို့ ပြည်သူ့ကာကွယ်ရေး မဟာမိတ် တပ်တွေရဲ့ ရှေ့တန်း သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

-ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ ရိက္ခာတင် သင်္ဘာတစ်စီးကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ဇန်နဝါရီလ ၃ ရက်နေ့မှာ တိုက်ခိုက်သိမ်း ပိုက်ခဲ့သလို ၊ အကြမ်း ဖက်စစ်ကောင်စီတပ်သား ၂ ဦးသေသွားပြီး ၊ ရိက္ခာတွေကိုပါ သိမ်းဆည်းရ ရှိလိုက်တယ်လို့ DRPA အဖွဲ့ရဲ့ ပြန်ကြားရေးအဖွဲ့ဝင် ရဲဘောမင်းညိုက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– စစ်ကိုင်းတိုင်း၊ ကျောက်မြောင်း- မြို့နယ်၊ တည်ပင်ရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ၂ ရက်ဆက် တိုက် စီးနင်းပြီး ပြည်သူ ၂ ဦးနဲ့ PDF ရဲဘော် ၄ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့တယ်လို့ Who am I_Army တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article