28 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၅ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တပို – ကျေးရွာအနီးမှာ ဇန်နဝါရီလ ၂ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီ ဘက်က ၂ ဦးသေသွားသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း မြင့်မြတ်စွာ အသက်ပေး လှူသွားတယ်လို့ Palaw –KPDF ဆီကနေ သိရပါတယ်။

– နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဉ်း သား အားလုံး လွှတ်ဖို့ နဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ အပါအဝင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို မလိုက်နာရင် စစ်ကောင်စီကို လုံခြုံရေးကောင်စီက ဆက် လက် အရေးယူမှုတွေ ရှိလာနိုင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။

– မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုရွာအနီးမှာ ဒီကနေ့ ဇန်နဝါရီလ ၅ ရက်နေ့ မနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ် ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ရာမှာ မိုင်းထိပြီးတော့ ကားပေါ်ကနေ စစ်ကောင်စီတပ်သား ၁ ဦး ပြုတ်ကျပြီး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article