34 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၇ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူ နဲ့ သံဖြူဇရပ်လမ်းမှာရှိတဲ့ ထောက်ပို့ဗျူဟာ စခန်း တောင်စွန်းကို ဇန်နဝါရီလ ၄ ရက်နေ့ က စစ်ကူလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်း ကို KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်ကောင်စီ ဘက်က လက်နက် ၁ လက်နဲ့ အတူအခြား စစ်အသုံးဆောင်တွေ ရရှိခဲ့တယ်လို့ pdf သတင်းရင်းမြစ်က ပြောပါတယ်။

– စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က ဝမ်းပြည့်ကျေးရွာအနီးမှာ ဒီကနေ့ ဇန်နဝါရီလ ၇ ရက်နေ့ မနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ကားနှစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက် ခဲ့ရာမှာ စစ်ကောင်စီဘက်က ၅ ဦးသေသွားတယ်လို့ People’s Army to Fight Dictatorship အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။

– ပဲခူတိုင်း၊ ကျောက်ကြီးမြို့နယ် သဲကုန်းကျေးရွာ နဲ့ ညောင်ကုန်းကျေးရွာအကြားမှာ ဒီကနေ့ ဇန်နဝါရီလ ၇ ရက်နေ့ မနက်ပိုင်းက မိုင်းရှင်းနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ မိုင်းပေါက်ကွဲပြီး ၃ ဦးသေသွားတဲ့အပြင် ၆ ဦးဒဏ်ရာရ သွားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article