36 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၉ ရက် ညနေပိုင်းရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၉ ရက် ညနေပိုင်းရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၉ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဒီကနေ့ ဇန်နဝါရီလ ၉ ရက်နေ့ မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူတွေနဲ့ တော်လှန်ရေး ရဲဘော်တွေကို ထောက်လှမ်းပြီး ဒုက္ခပေးနေတဲ့ စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီးညီညီဆိုသူကို YGF အဖွဲ့က ပစ်ခတ်ရှင်းလင်းရာမှာ နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်လို့ ရေးပျောက်ကျား တပ်ဖွဲ့-YGF ရဲ့ ဗိုလ်ကျန်ရစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– ကရင်ပြည်နယ်၊ KNU နယ်မြေမှာရှိတဲ့ ရွှေတွင်းလုပ်ကွက်တွေကို ဇန်နဝါရီလ ၇ ရက်နေ့မှာ အကြမ်း ဖက် စစ်ကောင်စီက တိုက် လေယာဉ်တွေနဲ့ ဗုံး အလုံး ၂၀ ကျဲချခဲ့တဲ့အတွက် ပြည်သူ ၆ ဦးထက်မနည်း သေသွားတယ်လို့ KNU မူတြော်သတင်းစဉ်ကနေ သတင်းထုတ်ပြန်ထားပါတယ်။

– ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာစျေးမီးပွိုင့်မှာ ဒီကနေ့ ဇန်နဝါရီလ ၉ ရက်နေ့ မနက် အစောပိုင်းက လုံခြုံရေးယူ ထားတဲ့ စစ်ကောင်စီ တပ်ကို မြို့ပြပြောက်ကျားတပ်ဖွဲ့က ဗုံးနဲ့ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးအပြန်အလှန် ပစ်ခတ်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article