34 C
Yangon

KNDF တပ်ရင်း ၇ အတွက် ဒရုန်းတစ်စီးဝယ်ယူနိုင်ရန် ကံစမ်းမဲလက်မှတ်များ ရောင်းအားကျနေသဖြင့် ကူညီပေးကြပါရန် မေတ္တာရပ်ခံ

Must read

KNDF တပ်ရင်း ၇ အတွက် ဒရုန်းတစ်စီးဝယ်ယူနိုင်ရန် ကံစမ်းမဲလက်မှတ်များ ရောင်းအားကျနေသဖြင့် ကူညီပေးကြပါရန် မေတ္တာရပ်ခံ

ရန်ကုန် ၊ ဇန်နဝါရီ ၁၈

ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF တပ်ရင်း ၇ အတွက် ဒရုန်းတစ်စီး ဝယ်ယူနိုင်ရန် ကံစမ်းမဲ လက်မှတ်‌ရောင်းချပွဲကို ဇန်နဝါရီလ ၁ ရက်နေ့မှ စတင် ရောင်းချခဲ့ရာ ရောင်းအားကျဆင်းနေသဖြင့် မိဘ ကူညီဝယ်ယူပေးကြပါရန် KNDF တပ်ရင်း ၉ တပ်ခွဲ ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

“KNDF တပ်ရင်း ၇ အတွက် ဒရုန်းတစ်စီးဝယ်ဖို့ မဲပြုလုပ်နေတာ၊ ဒီလကုန် အထိ သတ်မှတ်ထားပေမယ့် ရောင်းအားက အရမ်းကျနေတယ်၊ ကျနော် တာ ဝန် ယူထားတဲ့ ၅၀၀ မှာ ၂၅၀ လောက်ပဲရောင်းရသေး တယ်၊ မိဘပြည်သူ တွေအနေနဲ့ ကူညီပေးကြပါအုံးလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု KNDF တပ်ရင်း ၉ တပ်ခွဲ ၂ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ကံစမ်းမဲပရောဂျက်ကို ဇန်နဝါရီလ ၃၁ ရက်နေ့အထိသတ်မှတ်ထားပြီး မဲလက်မှတ်အစောင်ရေ ၂၅၀၀ ခန့်သတ်မှတ်ထား ကံစမ်းမဲလက်မှတ် တစ်စောင် လျှင် မြန်မာကျင်ငွေ ၁၀,၀၀၀ (တစ်သောင်း) ကျပ်သတ်မှတ်ထားကြောင်း၊ K Pay ၊ Wave Pay ၊ NUG Pay တို့ဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။

ကံစမ်းမဲလက်မှတ်များကိုအောက်ပါ Link များမှတဆင့်ဝ ယ်ယူအားပေးနိုင်ကြောင်း –

https://www.facebook.com/profile.php?id=100080224002333
https://www.facebook.com/nwayoogurulaymyar?mibextid=ZbWKwL
https://www.facebook.com/profile.php?id=100071194000089
https://www.facebook.com/bigdaddykobee?mibextid=ZbWKwL
https://www.facebook.com/profile.php?id=100075828144120…

ပြည်ပနိုင်ငံများမှ ဝယ်ယူသူများအနေဖြင့် စင်္ကာပူဒေါ်လာ SGD – 10 $၊ မလေး ရှား 30 RAM ၊ ထိုင်း 300 Balt ၊ အမေရိကန် 5 $ ၊ ဩစတြီးတေးလျ 5 $ ဖြင့်ဝယ်ယူနိုင်ကြောင်း၊ ပထမဆုအဖြစ် CB 150 / Model-2019 ၊ ဒုတိယ ဆုအဖြစ် အခေါက်ရွှေ ၄ ပဲ/ လက်စွပ်တစ်ကွင်း၊ တတိယဆုအဖြစ် HP i7 SSD Laptop/ 8GB RAM နှင့်နှစ်သိမ့်ဆုအဖြစ် 1-Mobile Solar Power bank -50000 Mah ၊ 2- Women Shoulder Bag-Louis Will တို့ကိုကံစမ်း ပေး မည် ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article