26 C
Yangon

KNU တပ်မဟာ ၁ နယ်မြေ နှင့် တနင်္သာရီတိုင်းတွင် စစ်ကောင်စီ၏ အတု အယောင် ရွေးကောက်ပွဲ မပြုလုပ်ရန် သတိပေးတားမြစ်ပြီး ပြင်းပြင်း ထန်ထန် အရေးယူမည်ဟု KNU နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ကြေညာ

Must read

KNU တပ်မဟာ ၁ နယ်မြေ နှင့် တနင်္သာရီတိုင်းတွင် စစ်ကောင်စီ၏ အတု အယောင် ရွေးကောက်ပွဲ မပြုလုပ်ရန် သတိပေးတားမြစ်ပြီး ပြင်းပြင်း ထန်ထန် အရေးယူမည်ဟု KNU နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ကြေညာ

ရန်ကုန်၊ ဇန်နဝါရီ ၂၁

KNU တပ်မဟာ ၁ နယ်မြေ နှင့် တနင်္သာရီတိုင်းတွင် စစ်ကောင်စီ၏ အတု အယောင် ရွေးကောက်ပွဲ ပြုလုပ်ခွင့် မပြုဘဲ ပြင်းပြင်းထန်ထန်အရေးယူမည်ဟု KNU နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ကြေညာကြသည်။

KNU တပ်မဟာ ၁ က KNU – ကရင်အမျိုးသားအစည်းရုံး၊ သထုံခရိုင်၊ ဘားအံ မြို့ နယ်အလုပ်အမှူဆောင်ကော်မတီအနေဖြင့် မိခင်အဖွဲ့စည်းဖြစ်သော KNU ကရင်အမျိုးသားအစည်းရုံး၏ လမ်းညွှန်ချက်များနှင့်အညီ စစ်မှန်သော ဖက်ဒ ရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာရေး ကြိုး ပမ်း ဆောင် ရွက်လျက် ရှိကြောင်း၊ ဒီမိုကရေစီ၏အနှစ်သာရဖြစ်သော ပုံမှန်ကျင်းပ သည့် ရွေးကောက် ပွဲမှ ပြည်သူအများ၏ ဆန္ဒသဘောထားအားဆန့်ကျင်ကာ စစ်ကောင်စီ ၏ အာ ဏာ သိမ်းမှုနှင့် နောက်ဆက်တွဲလုပ်ရပ်များမှာ ရေရှည်ငြိမ်းချမ်းရေးနှင့် စစ်မှန် သည့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းစေ မည် မဟုတ် ကြောင်း ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီသည် အတုအယောင် ရွေးကောက်ပွဲတရပ်ကျင်းပ၍ ပြည်သူလူထု နှင့် နိုင်ငံတကာအား လှည့်ဖျားနိုင်ရန် ပြင်ဆင်ကြိုးပမ်းလျက်ရှိပြီး ဤလုပ်ရပ် သည် ၎င်းတို့အဓမ္မသိမ်းယူထားသော တိုင်းပြည်အာဏာအား ပြည်သူလူထု အများစုက အပ်နှင်းသယောင်ဖြင့် တရားဝင်မှုရရှိရန် ကြိုးပမ်းခြင်းသာ ဖြစ် ကြောင်း၊ ထို့ကြောင့် ကေအဲန်ယူ – ကရင်အမျိုးသားအစည်းရုံး ဘားအံ မြို့နယ် အလုပ်အမှုဆောင်ကော်မတီအနေဖြင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲအား လုံးဝ (လုံးဝ) အယုံကြည်မရှိကြောင်း၊ မိမိတို့အုပ်ချုပ်မှုနယ်မြေအတွင်း စစ်ကောင် စီက ရွေးကောက်ပွဲ ကျင်းပခြင်းအားခွင့်မပြုကြောင်း၊ တားမြစ်ထားသည့် ကြား မှ ဆောင်ရွက်လာပါက ဖော်ထုတ်ပြီး ပြင်းထန်စွာအရေးယူ သွားမည်ဖြစ် ကြောင်း KNU – ကရင်အမျိုးသားအစည်းရုံး၊ သထုံခရိုင်၊ ဘားအံမြို့နယ်က ကြေညာသည်။

အလားတူ တနင်္သာရီတိုင်းရှိ မြို့နယ် ၆ခု၏ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက စစ်ကောင်စီ၏ အတုအယော‌င် ရွေးကောက်ပွဲကို ဆန့်ကျင်မည်ဖြစ်ကြောင်း ကြေညာကြသည်။

လောင်းလုံး၊ ပုလော၊ ဘုတ်ပြင်း၊ တနင်္သာရီ၊ ရေဖြူ နှင့် သရက်ချောင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ထိုသို့ ကြေညာကြခြင်းဖြစ်ပြီး မြို့နယ် ၁၀ ခု ရှိသည့် တနင်္သာရီတိုင်းတွင် မြို့နယ် ၆ ခုက စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ကြေညာ ကြခြင်းဖြစ်သည်။

စစ်ကောင်စီအနေဖြင့် မတရားအကြမ်းဖက်သတ်ဖြတ်မှုများ၏ ထွက်ပေါက် အဖြစ် အတုအယောင်ရွေးကောက်ပွဲကို ကျင်းပရန် ကြိုးပမ်းနေသောကြောင့် ဆန့်ကျင်တော်လှန်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဥ်တွင် ပါဝင်နေ သည့် ထွေအုပ်၊ လဝက၊ သက်ဆိုင်ရာဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီလက်ကိုင်တုတ် များကို ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ် ကြောင်း ထုတ်ပြန်ကြေညာကြသည်။

ဓာတ်ပုံ- KNU တပ်မဟာ ၁ မှ တပ်ဖွဲ့များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article