36 C
Yangon

KNU တပ်မဟာ ၅ နယ်မြေကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦး ထိခိုက်ပြီး ကား နှင့် အိမ်တစ်လုံး ပျက်စီး၊ ပုလဲမြို့နယ်၊ ကံထောင့်ကျေးရွာကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်

Must read

KNU တပ်မဟာ ၅ နယ်မြေကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦး ထိခိုက်ပြီး ကား နှင့် အိမ်တစ်လုံး ပျက်စီး၊ ပုလဲမြို့နယ်၊ ကံထောင့်ကျေးရွာကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်

ရန်ကုန်၊ ဇန်နဝါရီ ၇

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် ပြည်သူ ၁ ဦးထိခိုက် ပြီး နေအိမ် ၁ လုံးနှင့် ကား ၁ စီးပျက်စီးကြောင်း KNU မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။

ဇန်န၀ါရီလ (၇)ရက် နံနက် ၁၀ နာရီ ၁၀ မိနစ် အချိန် စစ်ကောင်စီတပ်မှ တိုက်လေယာဥ် ၂ စီး ဖြင့် ဒေဘိုးနိုဒေသအတွင်း ဗုံး ၄ လုံး လာရောက်ကျဲချခဲ့ရာ ကျေးရွာသား၁ ဦးဒဏ်ရာရရှိပြီး အဆောက် အဦး ၁ လုံးနှင့် မော်တော်ယာဥ် (၁)စီးပျက်စီးခဲ့ကြောင်း၊ ယနေ့ နံနက် ၇ နာရီ ၄၀ မိနစ်မှ နံနက် ၉ နာရီ နာရီအချိန်အထိ စစ်ကောင်စီတပ်က တိုက်လေယာဥ် ၇ စီးဖြင့် ဗုံး ၂၀ လုံးခန့်လာ ရောက်ကျဲ ချခဲ့ပြီး ကျေးရွာသားများ၏ လုပ်ငန်းခွင် အတွင်းကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

အလားတူ ယနေ့ ညနေ ၄ နာရီ ၁၀ မိနစ် ဝန်းကျင်အချိန် စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ကံထောင့် ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ပြောသည်။

“ကံထောင့် ရဲကင်းကို ကို မွန်းလွဲ ၁နာရီခွဲ အချိန်မှာ PDF တွေ ဝင်တိုက်တာ။ အဲဒါ သူတို့ဘက်က အထိနာလို့ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လှည့်ပတ်ပြီး ကံထောင့်ရွာထဲကို ပစ်တာ။ တကယ်က ရွာနဲ့ဘာမှ မဆိုင်ဘူး။ ထိခိုက် သေဆုံးမှု မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- KNU တပ်မဟာ ၅ နယ်မြေတွင် တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပျက်စီးသွားသော ကား၊ အိမ်နှင့် ဒဏ်ရာရရှိသည့် ပြည်သူတစ်ဦး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article