29 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီဝန်ထမ်းများအားလုံး ၁၀ ရက်အတွင်း ရာထူးမှ နုတ် ထွက် ထွက်ခွာကြရန် နောက်ဆုံးသတိပေး၊ ရွေးကောက်ပွဲ ကျင်းပခွင့် လုံး၀ ခွင့်မပြုဟု ကြေညာ

Must read

KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီဝန်ထမ်းများအားလုံး ၁၀ ရက်အတွင်း ရာထူးမှ နုတ် ထွက် ထွက်ခွာကြရန် နောက်ဆုံးသတိပေး၊ ရွေးကောက်ပွဲ ကျင်းပခွင့် လုံး၀ ခွင့်မပြုဟု ကြေညာ

ရန်ကုန်၊ ဇန်နဝါရီ ၁

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီဝန်ထမ်းများအားလုံး ၁၀ ရက်အတွင်း ရာထူးမှ နုတ်ထွက်၍ ထွက်ခွာကြရန် နောက်ဆုံးသတိပေး ကြေညာပြီး စစ်တပ်ကျင်းပမည့် ရွေး ကောက် ပွဲ လုံး၀ ခွင့်မပြုဟု သတိပေးထုတ်ပြန်လိုက်သည်။

ကရင်အမျိုးသားအစည်းအရုံး ၊ KNU တပ်မဟာ ၅ နယ်မြေရှိ စစ်တပ်စခန်းများ ရုပ်သိမ်းရန် ၊ ဒေသပြည်သူများအနေဖြင့် မတရားအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီအဖွဲ့နှင့် မပူးပေါင်းရန်၊ အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာ ဝန်ထမ်များအားလုံး ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း အပြီးအပိုင် နုတ်ထွက် စွန့်ခွာကြရန် KNLA က ဇန်န ဝါရီလ ၁ ရက်နေ့စွဲဖြင့် အမိန့် ထုတ်ပြန် လိုက်သည်။

KNU တပ်မဟာ ၅ နယ်မြေတွင် အကြမ်းဖက် စစ်ကောင်စီအဖွဲ့၏ အုပ်ချုပ်ရေးယန္တရားများ တည်ရှိမှု ကို လုံးဝ လက်ခံမည်မဟုတ်သကဲ့သို့ အားလုံးထွက်သွားရန် နည်းမျိုးစုံဖြင့် ဖိအားပေးလုပ်ဆောင်သွား မည်ဖြစ်ကြောင်း၊ KNU အမှတ် ၅ တပ်မဟာ သတ်မှတ်ထိန်းချုပ်နယ်မြေအတွင်းရှိ ဖာပွန်၊ ကမမောင်း မြို့တို့ နှင့် ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံပြည်သူများ၊ ဝန်ထမ်းများနှင့် အခြားအရပ်ဒေသမှ လာ သည့်ဝန် ထမ်းများအားလုံး အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းခြင်းမပြုရန် အမိန့်ထုတ်ပြန်ကြောင်း သတိပေးသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံဌာနဆိုင်ရာ ရုံးဝန်ထမ်းများ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အလုပ်တာဝန် ရာထူးများစွန့်ခွာ ထွက်ခွာ၍ အကြမ်းဖက် စစ်ကောင်စီအဖွဲ့ကို ထောက်ခံ အားပေးအသိအမှတ်ပြုစေသည့် လုပ်ရပ်မှန်သမျှ မပြုလုပ်ကြရန်၊ သတ်မှတ်ချိန်အတွင်း ထွက်ခွာရန် အမိန့်ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် တပ်မဟာ ၅ နယ်မြေ သတ်မှတ် ထိန်းချုပ် နယ်မြေအတွင်းရှိ မည်သူမဆို လုံးဝပူးပေါင်းပါဝင် ပတ်သက် မှု မပြုလုပ်ရန် သတိပေးကြောင်း၊ ယခု ထုတ်ပြန်ချက်ကို လေးစားကြရန်နှင့် မလေးစား မလိုက်နာပါက အရေးယူနိုင်သည့် လူပုဂ္ဂိုလ်များ ကို ဥပဒေနှင့်အညီ အရေးဆောင်ရွက်မည်ဖြစ်ပြီး အရေးမယူနိုင်သည့် ပုဂ္ဂိုလ်များအတွက် နောက်ဆက် တွဲဖြစ်ပေါ်လာမည့် အကျိုးဆက်များသည် ၎င်းတို့အပေါ်တွင်သာ မူတည်လိမ့်မည်ဖြစ်ကြောင်း၊ ယခု ထုတ်ပြန်သည့် အမိန့်သည် နောက်ဆုံးထုတ်ပြန်ချက်ဖြစ်ကြောင်း KNLA တပ်မဟာ ၅ ဌာနချုပ်၊ စစ်ရေးချုပ်ရုံးက သတိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article