34 C
Yangon

MNDAAက တပ်ဖွဲ့ဝင် ၁၂၂၈ ဦး စစ်သင်တန်းဆင်းပြီး လက်နက်များပေးအပ်ကာ စစ်အာဏာရှင် တော် လှန်ရေးတွင် ပူးပေါင်းပါဝင်မည်ဟုထုတ်ပြန်၊ TNLA ကလည်း အရာရှိသင်တန်းဆင်းပွဲ ပြုလုပ်

Must read

MNDAAက တပ်ဖွဲ့ဝင် ၁၂၂၈ ဦး စစ်သင်တန်းဆင်းပြီး လက်နက်များပေးအပ်ကာ စစ်အာဏာရှင် တော် လှန်ရေးတွင် ပူးပေါင်းပါဝင်မည်ဟုထုတ်ပြန်၊ TNLA ကလည်း အရာရှိသင်တန်းဆင်းပွဲ ပြုလုပ်

ရန်ကုန်၊ ဇန်နဝါရီ ၃

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်မဟာ ၆၁၁ တွင် ဇန်နဝါရီလ ၁ ရက်နေ့ သင်တန်းဆင်းပွဲ ကျင်းပပြီး အရာရှိနှင့် စစ်သည် ၁၂၂၈ ဦး သင်တန်းတက်ရောက်ကြောင်း MNDAA က တရားဝင် သတင်းထုတ်ပြန်သည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ထူထောင်ခဲ့သော MNDAA တပ်မဟာ ၆၁၁ ၏ ပထမနှစ် ပတ် လည်နေ့ကိုလည်း ကျင်းပခဲ့ပြီး စစ်သင်တန်းတက်ရောက်ကြသည့် အရာရှိနှင့် စစ်သည်များ အပါအဝင် စုစုပေါင်း လူ ၁၂၂၈ ဦးကိုလည်း လက်နက်များ ပေးအပ်ကြောင်း သိရှိရသည်။

MNDAA တပ်မဟာ ၆၁၁ ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အချိန်တို အတွင်း ထူထောင်ခဲ့သော်လည်း ထိုတပ်မဟာသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း၊ စစ် အာဏာ ရှင်တော်လှန်ရေးနှင့် ဒီမိုကရေစီ ရရှိရေးတွင် အတူတကွ ပူးပေါင်း ဆောင်ရွက်ကြမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ ရှမ်းပြည်နယ်တွင် TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) ကလည်း ထိန်းချုပ်နယ်မြေတနေရာတွင် ဗိုလ်လောင်းသင်တန်း (ATA)နှင့် အလုပ် သင်အရာရှိ (TAOT)သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၁ ရက်နေ့ ကျင်းပခဲ့ပြီး တပ်ဖွဲ့ဝင် ၁၅၆ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article