34 C
Yangon

ခင်ဦးတွင် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာ ၄ ရွာမှ ပြည်သူ ၃၀၀၀ ကျော် စားနိပ်ရိက္ခာနှင့် သောက်သုံးရေပါ ပြတ်လပ်နေ

Must read

ခင်ဦးတွင် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာ ၄ ရွာမှ ပြည်သူ ၃၀၀၀ ကျော် စားနိပ်ရိက္ခာနှင့် သောက်သုံးရေပါ ပြတ်လပ်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာ ၄ ရွာမှ ပြည်သူ ၃၀၀၀ ကျော် စားနိပ်ရိက္ခာနှင့် သောက်သုံးရေပါ ပြတ်လပ်လျက်ရှိကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃၀ ရက်နှင့် ၃၁ ရက်နေ့တို့တွင် ခင်ဦးမြို့နယ်အတွင်းရှိ ဗျိုင်းကြိုင်၊ ရုံးစု၊ ညောင်ပင်ကြီးစုနှင့် မှန်သာကျေးရွာတို့ကို အင်အား ၁၅၀ ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၇၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့​ကြောင်း၊ ကျေးရွာ ၄ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

လက်ရှိချိန်တွင် အဆိုပါ ကျေးရွာ ၄ ရွာမှ ပြည်သူ ၃၀၀၀ ကျော်သည် စားနပ် ရိက္ခာနှင့် သောက်သုံးရေးပါ ပြတ်လပ်လျက်ရှိပြီး အဝတ်အစားများပါ လိုအပ်လျက်ရှိ​ကြောင်း သိရှိရသည်။

” ဗျိုင်းကြိုင်၊ ရုံးစု၊ ညောင်ပင်ကြီးစုနဲ့ မှန်သာကျေးရွာက ပြည်သူ ၃၀၀၀ ကျော် နေထိုင်စရာ စားသောက်စရာ ဝတ်စရာ မရှိတော့ဘဲ ဒုက္ခရောက်နေကြပါတယ်။ စားဝတ်နေရေးအပြင် သောက်သုံးရေပါ အခက်တွေ့နေတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

စစ်တပ် အာဏာသိမ်းချိန်မှ စ၍ ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ကျေးရွာ ၆၃ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ခြေ ၃၆၀၀ ကျော် ပြာကျခဲ့ရာ ပြည်သူ ၂၀၀၀၀ ဝန်းကျင်ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ စစ်ဘေးရှောင်များအဖြစ် တိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ- စစ်ကိုင်းမြို့နယ်တွင် ဇန်နဝါရီလအတွင်း ထွက်ပြေး တိမ်းရှောင်နေရ သည့် စစ်ဘေးရှောင် ပြည်သူများ။

- Advertisement -spot_img

More articles

- Advertisement -spot_img

Latest article