34 C
Yangon

ခင်ဦးမြို့နယ်၊ တဲစုရွာကို စစ်တပ်က တတိယအကြိမ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၈ လုံးပြာကျ

Must read

ခင်ဦးမြို့နယ်၊ တဲစုရွာကို စစ်တပ်က တတိယအကြိမ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၈ လုံးပြာကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ တဲစုရွာကို အကြမ်းဖက် စစ်တပ်က တတိယအကြိမ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၈ လုံးပြာကျခဲ့​ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက်စစ်တပ်က တဲစုရွာကို တတိယအကြိမ်အဖြစ် သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၈ လုံးကို မီးရှို့ဖျက်ဆီးကာ ကျေးရွာ လျှပ်စစ်ထရမ်စဖော်မာကိုလည်း ပစ်ခတ်ဖျက်ဆီး သွားကြောင်း သိရသည်။

စစ်တပ် မီးရှို့ဖျက်ဆီးသွားသော တဲစုကျေးရွာတွင် နေအိမ် ၄၀၀ ခန့်ရှိပြီး ကျေးရွာအနီးအနားတွင် ပျဥ်ထောင်ပျူစောထီးရွာ ရှိကာ တဲစုကျေးရွာသည် တတိယ အကြိမ်မြှောက် ဝင်ရောက်စီးနင်း မီးရှို့မှုကြောင့် စုစုပေါင်း နေအိမ် ၅၂ လုံး ပြာကျပျက်စီးခဲ့​ကြောင်း သိရှိရသည်။

Photo- ခင်ဦးမြို့နယ်သတင်းမှန် ပြန်ကြား​ရေးအဖွဲ့။

- Advertisement -spot_img

More articles

- Advertisement -spot_img

Latest article