စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် မုံရွာမြို့ပေါ်ရှိ အနောက်မြောက်တိုင်းစစ်ဌာန ချုပ်ကို ရှော့တိုက်ဒုံး ၄ လုံးဖြင့်ပစ်ခတ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၅
အကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်းတွင် စစ်အုပ်ချုပ်ရေး ကြေ ညာ ပြီးနောက် မုံရွာမြို့ပေါ်ရှိ အနောက် မြောက်တိုင်းစစ်ဌာနချုပ်ကို ယနေ့ နံနက် ပိုင်းတွင် ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း တော်လှန် ရေး တပ်ဖွဲ့များထံမှ သိရှိရသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၃ နာရီအချိန် အနောက်မြောက်တိုင်းစစ်ဌာန ချုပ်ရုံးထဲသို့ ရှော့တိုက်ဒုံးဖြင့် ၄ လုံးပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရုံးထဲသို့ ဆေးရုံကားတချို့ဝင်သွားသည်ကို မြင်တွေ့ရကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ဆိုကြသည်။
“ဒီဘက်က ရှော့တိုက်ဒုံးနဲ့ ၄ လုံးပစ်တော့ စစ်ခွေးတွေဘက်က ၆၀ မမ ၃ လုံးနဲ့ ပြန်လည်ပစ်ခတ်ပါတယ်။ ကျနော်တို့ဘက်က အထိအခိုက်မရှိပါဘူး” ဟု တော်လှန် ရေးရဲဘော်တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီ ၂ ရက်နေ့မှစတင်ပြီး စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၁၁ ခုကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၁၈ ခုကို စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ရန် တာဝန်ပေးထားကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ၁၀၇ မမ ရှော့တိုက်ဒုံးများ ကိုင်ဆောင်ထားသည့် ဒေသခံကာကွယ် ရေး အဖွဲ့ဝင်များ။ (ဓာတ်ပုံ- FRF)
