28 C
Yangon

မန္တလေးတွင် ဂရန်အမည်ပေါက်ထားသော အိမ်ခြံမြေ ရာချီ၍ စစ်တပ်က လက် နက် အပြည့် အစုံဖြင့် ဝင်ရောက်ဖြိုဖျက်ဆီးနေ

Must read

မန္တလေးတွင် ဂရန်အမည်ပေါက်ထားသော အိမ်ခြံမြေ ရာချီ၍ စစ်တပ်က လက် နက် အပြည့် အစုံဖြင့် ဝင်ရောက်ဖြိုဖျက်ဆီးနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်၊ ၅၀ x ၁၄၀ မက္ခရာတွင် ယနေ့ ဖေဖော် ဝါရီ ၂၇ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်မှ စ၍ စစ်တပ်နှင့် ရဲများက လက်နက် အပြည့် အစုံဖြင့် ဂရန်အမည်ပေါက် နေအိမ်များ၊ အိမ်ခြံမြေ များကိုပါ ဖြိုချ ဖျက် သိမ်းနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

အိမ်ခြေ ၅၀ ကျော်တယ်။ ဂရန်ပါတဲ့ အိမ်တွေကို ကျူးကျော်နဲ့ ရောဖျက်တာ ။ နောက်ထပ် အမရပူရမြို့နယ် အပိုင်စည်ပင်ရွာမှာလည်း ကွက်သစ်တွေ ဖျက် နေသေးတယ်။ စစ်ခွေးရော ရဲခွေးရော လက်နက် အပြည့်အစုံနဲ့” ဟု ဒေသ ပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် အမရပူရ မြို့နယ်အပိုင် စည်ပင်ရွာ ကွက်သစ်ရှိ အိမ်ခြံမြေများကိုလည်း ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင်ပင် ဖျက်သိမ်းနေကြောင်းနှင့် အိမ်ခြေ ၁၀၀ ဝန်း ကျင် ဖျက်သိမ်းခံရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“အမရပူရက ကျူးကျော်မဟုတ်ဘူး။ ကွက်သစ်တွေပါ။ ဘာလို့ ဖျက်လဲ မသိ ဘူး။ ပြည်ခွန်က ကျူးများတယ်။ အဲဒါ ဂရန်ရှိပြီးသားကိုပါ ကျူးဆိုပြီးရော ဖျက် တာ။ အုပ်ကြီးက အောင်ပွဲခံနေလေရဲ့ ။ ပြည်ခွန်အုပ်ကြီး ပြောတာ။ ဘီယာ ထိုင် သောက်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်း ဌာနသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_img

Latest article