30 C
Yangon

ကနီမြို့ပေါ်တွင် စစ်သား အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တပ်သား အောင်တိုးချစ်သေဆုံး၊ ပစ်ခတ်သူ စစ်သားက လက် နက်ပါ ယူ၍ ထွက်ပြေး

Must read

ကနီမြို့ပေါ်တွင် စစ်သား အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တပ်သား အောင်တိုးချစ်သေဆုံး၊ ပစ်ခတ်သူ စစ်သားက လက် နက်ပါ ယူ၍ ထွက်ပြေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်တွင် စစ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တပ်သား အောင်တိုးချစ် သေဆုံးကာ ပစ်ခတ်သူ စစ်သားမှာလည်း လက်နက်ပါယူ၍ ထွက် ပြေး လွတ်မြောက်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ည ၇ နာရီအချိန် ကနီမြို့ပေါ် မြန်မာစီးပွားရေးဘဏ် အနီး သစ်စက်ဝင်း အတွင်းတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် တပ်သား အောင်တိုးချစ် (ခ) ဖိုးကြယ် သေဆုံးသွားခဲ့ကြောင်း၊ ပစ် ခတ်သူ စစ်သားမှာလည်း လက်နက်နှင့်အတူ လွတ်မြောက်သွားသဖြင့် စစ်တပ်က ပိတ်ဆို့ စစ်ဆေးနေကြောင်း သိရှိရသည်။

“ပစ်ခတ်တာက မနေ့ညပိုင်းကဖြစ်တာ။သေတာကတော့ ဒီနေ့မနက်ခင်း၄နာရီလောက်မှာ စစ်သား ၁ ဦး ကနီဆေးရုံပေါ်မှာသေသွားတယ်။ ပစ်ခတ်မှုကြောင့် ရတဲ့ ဒဏ်ရာက နောက်ကျော ပေါက်ထွက်ဒဏ်ရာ ရသွားပြီး သေသွားတယ် ။ အခု မသာချ ဖို့ပြင်နေကြပြီ။ သေဆုံးသူ စစ်သားအမည်က ဖိုးကြယ် (ခေါ်) အောင် တိုးချစ်လို့ ခေါ်တယ်။ ပစ်ခတ်ခဲ့တဲ့စစ်သားကတော့ လက်နက်ယူ ဆောင် ပြီး ထွက်ပြေးသွားတာကြောင့် စစ်ကောင်စီကတော့ မြို့ပေါ်မှာ ရှာဖွေစစ် ဆေးတာတွေ အခုထိ လုပ်ဆောင်နေဆဲပဲ” ဟု ကနီမြို့သားတစ်ဦးက ပြော သည်။

လက်ရှိ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် မြို့ပေါ် ဧရိယာမှ လွဲ၍ ကျေးရွာများသို့ စစ်တပ်က စိုးမိုးနိုင်ခြင်းမရှိတော့ဘဲ မြို့ မကျဆုံးရေးအတွက် စစ်ကောင်စီက လုံခြုံ ရေးတင်းတင်းကျပ်ကျပ်ချကာ ပိတ်ဆို့ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်သားတချို့။

Photo- Agency ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article