38 C
Yangon

ကန့်ဘလူမြို့နယ်ရှိ စိန်နားကျေးရွာ ပျူစောထီး စခန်းကို PDF ပူးပေါင်းတပ်များ ဝင်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး သေနတ် ၂ လက်ရရှိ

Must read

ကန့်ဘလူမြို့နယ်ရှိ စိန်နားကျေးရွာ ပျူစောထီး စခန်းကို PDF ပူးပေါင်းတပ်များ ဝင်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး သေနတ် ၂ လက်ရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကင်းတပ်ဆည်ထိပ်ရှိ စိန်နားရွာ ပျူစောထီးစခန်းကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်သား ၂ ဦးသေဆုံးကာ လက်နက် ၂ လက်ရရှိကြောင်း PDFသတင်းရင်းမြစ်ထံမှ သိရသည်။

ကန့်ဘလူမြို့နယ်၊ စိန်နားရွာ ပျူ‌စောထီးစခန်းကို PDFပူး‌ပေါင်းတပ်များက ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက် ၀၀ နာရီ ၆ မိနစ်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နံနက် ၁ နာရီခန့်အချိန်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား၂ ဦး သေဆုံးကြောင်း၊ ကျန်စစ်သားနှင့် ပျူစောထီးများမှာ ခြေဦးတည့်ရာသို့ ထွက်ပြေးသွားခဲ့ကြောင်း၊ MA-1သေနတ်တစ်လက်နှင့် ကာဘိုင်‌သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း စခန်းသိမ်းရာတွင် ပါဝင်ခဲ့သည့် ရှေ့တန်းရဲဘော်က ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

“စိန်နားကိုသိမ်းပြီးတဲ့နောက်မှာ စစ်ခွေးတွေပျူတွေ စစ်ကူလာလို့ ကျနော်တို့ ပြန်ဆုတ်ခဲ့တယ်။ ညအ‌မှောင်ထဲမှာ နယ်မြေရှင်းလင်းရေး သေချာမလုပ်လိုက်ရလို့ အလောင်းနှစ်လောင်းနဲ့ သေနတ်၂ လက်ပဲရခဲ့တာ။”ဟု ရှေ့တန်းရဲဘော်က ပြောသည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် တန့်ဆည်မြို့နယ်အခြေစိုက် ရွှေဘိုခရိုင်တပ်ရင်း ၁၆ နှင့် ကန့်ဘလူခရိုင် တပ်ရင်း ၁ မှ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ ၊ တပ်ခွဲ ၄ အပါအဝင် ပူးပေါင်းတပ်များ ပါဝင်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

လက်ရှိအချိန်တွင် စိန်နားရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ပြန်လည်ဝင်ရောက် တပ်စွဲထားပြီး ပျူစောထီးစခန်း ထိခိုက်ပျက်စီးမှုများကို ပြန်လည်ပြင်ဆင်မှု ပြုလုပ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article