28 C
Yangon

ကန့်ဘလူ၊ ပိတောက်ပင်ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၁၄ လုံးပြာကျ

Must read

ကန့်ဘလူ၊ ပိတောက်ပင်ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၁၄ လုံးပြာကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပိတောက်ပင်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၁၄ လုံးပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၃ ရက်နှင့် ၄ ရက်နေ့တွင် ကန့်ဘလူမြို့နယ် ပိတောက်ပင်ရွာ စာသင်ကျောင်း၌ တပ်စွဲထားသော စစ်တပ်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် အကြမ်းဖက် စစ်တပ်က ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၄ လုံး ပြာကျခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေ တပ်စွဲထားတဲ့ ကျေးရွာ စာသင်ကျောင်းကို PDF တပ်တွေ ဝင်တိုက်လို့ ခွေးတွေ အသေများတယ်။ စစ်ခွေးတွေက ရွာထဲကို သေသွားတဲ့ စစ်ခွေးအလောင်းတွေ သယ်လာပြီး ပြည်သူပိုင် နေအိမ်တွေထဲ ထည့်ပြီး မီးရှို့သွားတယ်။ နေအိမ် ၁၄ လုံးပြာကျသွားတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article