37 C
Yangon

ကန့်ဘလူ၊ မြေမွန်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ရာနှင့်ချီပြီး မီးလောင်ပြာကျ၊ ပုလဲမြို့နယ်၊ နွယ်အင်းရွာကိုလည်း စစ်တပ်က စီးနင်းပြီး ကျေးရွာ ဆေးပေးခန်းကို မီးရှို့ဖျက်ဆီး

Must read

ကန့်ဘလူ၊ မြေမွန်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ရာနှင့်ချီပြီး မီးလောင်ပြာကျ၊ ပုလဲမြို့နယ်၊ နွယ်အင်းရွာကိုလည်း စစ်တပ်က စီးနင်းပြီး ကျေးရွာ ဆေးပေးခန်းကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မြေမွန်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ရာနှင့်ချီပြီး မီးပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ မြေမွန်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ် ရာနှင့်ချီပြီး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

“မြေမွန်ရွာကို စစ်ခွေးတွေ ဒီနေ့ မီးရှို့သွားတာ ပျက်စီးဆုံးမှု အခြေအနေတော့ အတိကျ မသိရသေးဘူး။ ကျေးရွာရဲ့ သုံးပုံနှစ်ပုံ လောက် ပြာကျသွားတယ်။ ရွာမှာက နေအိမ် ၇၀၀ ကျော်လောက်ရှိတယ်။ နေအိမ် ရာနဲ့ချီပြီး မီးထဲပါသွားတယ်။ စစ်ခွေးတွေ ရွာကို မီးစရှို့ပြီး ၂ နာရီလောက် တိုက်ပွဲဖြစ်သွားသေးတယ်။ တိုက်ပွဲအခြေအနေ အသေးစိတ်တော့ မသိရသေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နွယ်အင်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ကျေးလက် ဆေးပေးခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဇီဖြူကုန်း ပျူစောထီးရွာမှ ထွက်လာသည့် စစ်သားနှင့် ပျူစောထီးများက နွယ်အင်းရွာကို ဝင်ရောက်စီးနင်းပြီး စစ်ဘေးရှောင် ပြည်သူများ၏ တောတဲများကို မီးရှို့ဖျက်ဆီးပြီးနောက် နွယ်အင်းရွာမှာ တပ်စွဲကာ ကျေးလက် ကျန်းမာရေး ဆေးပေးခန်းကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်းသိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် နွယ်အင်းရွာ၌ ညအိပ် တပ်စွဲပြီးနောက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားပြီး တုံးကန်ကျေးရွာ၌ တပ်စွဲထားကြောင်း သိရှိရသည်။

smart
smart
smart
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article