26 C
Yangon

ကရင်နီပြည်နယ်တွင် ဇန်နဝါရီလအတွင်း တိုက်ပွဲ ၃၆ ကြိမ်ဖြစ်ပွားကာ စစ်သား ၂၂ ဦးသေဆုံးပြီး KNDF ရဲဘော် ၅ ဦး ကျဆုံး

Must read

ကရင်နီပြည်နယ်တွင် ဇန်နဝါရီလအတွင်း တိုက်ပွဲ ၃၆ ကြိမ်ဖြစ်ပွားကာ စစ်သား ၂၂ ဦးသေဆုံးပြီး KNDF ရဲဘော် ၅ ဦး ကျဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ကရင်နီပြည်နယ်တွင် ဇန်နဝါရီလအတွင်း တိုက်ပွဲ ၃၆ ကြိမ် ဖြစ်ပွားကာ စစ်သား ၂၂ ဦးသေဆုံးပြီး KNDF ရဲဘော် ၅ ဦး ကျဆုံး​ခဲ့ကြောင်း KNDF ဗဟို သတင်းနှင့် ပြန်ကြားရေး ဌာနမှ သိရသည်။

ဇန်နဝါရီလ ဒုတိယပတ်မှစ၍ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ၃ ကြောင်းသည် ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာ စံပြ ၆ မိုင်နေရာအနီးတဝိုက်တွင် ၆ ရက်ကြာတိုက်ပွဲပြင်း ထန်ခဲ့ကြောင်း၊ ထိုမှတဆင့် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းဖြစ်သော ဇရပ်ဖြူကျေးရွာနှင့် နန်းဟူတွေ ကျေး ရွာ ဘက်သို့ ဇန်နဝါရီလ တတိယပတ်တွင် အကြမ်းဖက်စစ်တပ်မှ ဆက်လက်စစ်ကြောင်းထိုးခဲ့ရာ နန်း ဟူထွေကျေးရွာအနီးတွင် တိုက်ပွဲပြင်းနေသည်မှာ ယနေ့အထိဖြစ်ကြောင်း သိရသည်။

အလားတူ လွိုင်ကော်မြို့နယ်၊ အရှေ့ဘက်ခြမ်းသို့ ဇန်နဝါရီလ ၁၉ ရက်နေ့ မှစ၍ အကြမ်းဖက် စစ် ကောင်စီတပ်မှ စစ်ကြောင်းထိုးခဲ့ရာ လွိုင်ကော်အရှေ့ခြမ်းနှင့် ရှားတောမြို့နယ် နယ်စပ်တို့တွင် ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဗျူဟာ မြောက် မယ့်စလောင်းတောင် စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ ချေမှုန်းတိုက်ခိုက်သိမ်း တိုက်ပွဲ ဆင်နွှဲခဲ့ရာ ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်ခစစ်သား ၅ ဦးသေဆုံးကာ အကြမ်းဖက် စစ်တပ်မှ အသုံး ပြုသော လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ခဲယမ်းအမြောက်အမြား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရ သည်။

ကရင်နီတပ်မတော် (KA) ၊ KNDF နှင့် မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်များမှ ကရင်နီပြည်နယ် အ တွင်းရှိ ဖယ်ခုံမြို့နယ်အပါအဝင် ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ လွိုင်ကော်မြို့နှင့် ဖားဆောင်းမြို့နယ်တို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်းများ၊ ကင်းပုန်းစခန်းများ၊ စစ်ဆေးရေး ဂိတ်များ၊ ရှေ့တန်းစခန်းများ၊ လှုပ်ရှားစစ်ကြောင်းများကို၊ ချေမှုန်းတိုက်ခိုက်ခြင်း၊ ရှောင်တခင်တိုက် ခိုက်ခြင်း၊ ပျောက်ကြားတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့်တိုက်ခိုက်ခြင်း၊ ဒရုန်းများဖြင့်တိုက်ခိုက်ခြင်း၊ စခန်းသိမ်းတိုက်ခိုက်ခြင်းများကို ဇန်နဝါရီလ တစ်လတာအတွင်း အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ဇန်နဝါရီလ ၂၂၊ ၂၃ ၊ ၂၄ ရက်နေ့တို့တွင် သည် လွိုင်ကော်မြို့၊ တီးလုံ ကျေးရွာ အုပ်စုရှိ စစ်ရှောင်စခန်းနှင့် ကျေးရွာများသို့ လေကြောင်းဖြင့် ၄ ကြိမ်တိတိ ဗုံးကြဲခဲ့ကြောင်း၊ အလားတူ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ လွိုင်ကော်မြို့၊ ဘော်လခဲမြို့နယ် နှင့် ရွာသစ်မြို့နယ်ခွဲတို့ အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်၏‌ လေကြောင်းမှ တိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများကြောင့် ပြည်သူ များ နေအိမ်ထိုင်ရာ နေအိမ် ၅ လုံး ၊ ဘုန်းကြီးကျောင်း ၂ ကျောင်း၊ ဘုရားစေတီ တစ်ဆူ ထိခိုက်ပျက် စီးခဲ့ကြောင်း၊ အရပ်သား ပြည်သူ ၁ ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ရကာ ၅ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article