31.9 C
Yangon

ကရင်နီပြည်နယ်ရှိ U.R.F တပ်ဖွဲ့က ရဲဘော်များကို လစဉ် အသုံးစရိတ်တချို့ ထောက်ပံ့၊ ထောက်ပံ့လိုသူများ ဆက်သွယ်နိုင်

Must read

ကရင်နီပြည်နယ်ရှိ U.R.F တပ်ဖွဲ့က ရဲဘော်များကို လစဉ် အသုံးစရိတ်တချို့ ထောက်ပံ့၊ ထောက်ပံ့လိုသူများ ဆက်သွယ်နိုင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ကရင်နီပြည်နယ်တွင် အခြေစိုက်ထားသော မြို့ပြတော်လှန်ရေးတပ်ဦး (Urban Revolutionary Front – U.R.F) က ရဲဘော်များကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်၍ လစဉ်အသုံးစရိတ်များ စတင်ထောက်ပံ့နိုင်ပြီဟု U.R.F တာဝန်ခံ ကိုထက်က ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

သြစတြေးလျနိုင်ငံရောက် ဓမ္မဘက်တော်သားအဖွဲ့မှ မတည်ပံ့ပိုးမှုဖြင့် ရဲဘော်တစ်ဦးလျှင် ၅၀,၀၀၀/ ကျပ် နှုန်းဖြင့် စတင်ထောက်ပံ့နိုင်ခဲ့သည်ဟု တာဝန်ခံက ပြောသည်။ အဆိုပါ ထောက်ပံ့ငွေမှ ကျပ် တစ်သောင်းကို တပ်ဦးရန်ပုံငွေ တစ်နည်းအားဖြင့် လက်နက်ခဲယမ်းဝယ်ယူရန် ရဲဘော်များက ပြန်လည်ထည့်ဝင်ကြသည်ဟုလည်း သိရသည်။

“ကျနော်တို့က NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့လည်းမဟုတ်တာကြောင့် အစစအရာရာ ထောက်ပံ့ကူညီမှု မရဘူး။ လူထုထောက်ပံ့မှုနဲ့ပဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေရတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။ တော်လှန်ရေးကြာရှည်လာတာနဲ့အမျှ ရဲဘော်တွေအတွက် ရိက္ခာ ရှာဖွေရတာလည်း ခက်ခဲလာတယ်။ ရဲဘော်တွေဟာလည်း ပြည်သူလူထုတွေထဲက ပေါက်ဖွားလာတာကြောင့် တနေ့လုပ်တနေ့စားတွေလည်းဖြစ်တယ် သူတို့အသေးသုံးစရိတ်တွေအတွက် အိမ်တွေကလည်း ပြန်တောင်းဖို့ရာ ခက်ခဲကြတယ်။ လူငယ်သဘာဝအတိုင်း အသုံးလိုတာတွေရှိတယ်။ ဒီအသုံးစရိတ်အသေးလေး ထောက်ပံ့မှုက သူတို့အတွက် တော်လှန်ရေးမှာ ရေရှည်ပါဝင်နိုင်အောင် ကျနော်တို့ရဲ့ ကြိုးပမ်းမှု အသေးလေး တစ်ခုပါ။ ကျနော်တို့မှာ နောက်ထပ် ရုန်းကန်ရတာက လက်နက်ခဲယမ်းဝယ်ယူဖို့အတွက် ရန်ပုံငွေလိုအပ်ချက်ပါ။ ဆစ်ဒနီရောက်မြန်မာမိသားစုတွေက ပင်မထောက်ပံ့ကူညီတာတွေလည်းရတာရှိတယ်။ ဒါပေမယ့် စစ်ပွဲတစ်ပွဲမှာ ကုန်ကျစရိတ်ဟာ အင်မတန်ကြီးတာကြောင့် လက်နက်ခဲယမ်းလည်း ထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ပါတယ်” လို့ တာဝန်ခံ ကိုထက်က ဆိုသည်။

ယခုကဲ့သို့ ရဲဘော်အသုံးစရိတ်ပေးအပ်ခြင်းသည် ရန်ပုံငွေရရှိမှုအပေါ်မူတည်နေ၍ ရဲဘော်များ၏ လစာအတွက် ထောက်ပံ့ကူညီလိုသူများအနေဖြင့်လည်း U.R.F၏ တယ်လီဂရန်ချန်နယ်လ် https://t.me/URF_Urban_Revolutionary_Front မှတဆင့် ဆက်သွယ်ကူညီနိုင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article