33 C
Yangon

ကလေးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က အရာရှိ ၁ ဦးသေဆုံး၊ မြင်းမူရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ကင်းစောင့်နေသော စစ်သားများကို ဗုံးပစ် တိုက်ခိုက်မှု ၅ ဦးသေဆုံး

Must read

ကလေးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က အရာရှိ ၁ ဦးသေဆုံး၊ မြင်းမူရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ကင်းစောင့်နေသော စစ်သားများကို ဗုံးပစ် တိုက်ခိုက်မှု ၅ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် CDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး အရာရှိ ၁ ဦး သေဆုံးခဲ့ကြောင်း CDF-KKG တပ်ဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကလေးမြို့နယ် တောင်ပိုင်းရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရန်ကြီးအောင် စခန်းနှင့် မြောက်စည်းရဲစခန်းတို့မှ စစ်သားနှင့် ပျူစောထီး ၂၀ ဦးခန့်သည် တပ်ချိန်းရန်အတွက် ဂန့်ဂေါမြို့ဘက်သို့ စစ်ကြောင်းထိုး ထွက်ခွာလာစဥ် CDF-KKG တပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တပ်ချိန်းရန် လာသော စစ်ကြောင်းနှင့် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဂန့်ဂေါမြို့နယ်ဘက်မှ စစ်သားနှင့် ပျူစောထီး ၁၀၀ ခန့်က ကမ္ဘာနီတံတားဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ကူပေးခဲ့ကြောင်း၊ ထိတွေ့ တိုက်ပွဲအတွင်း အရာရှိ ၁ ဦးသေဆုံးခဲ့ပြီး သေဆုံးသူမှာ မြောက်စည်းရဲစခန်းမှူး ၂ ပွင့်ဗိုလ် ဟန်ထက်ဟု ဒေသခံ ပြည်သူများ ပြောဆိုသော်လည်း အတည်မပြုနိုင်သေး​ကြောင်း၊ CDF-KKG ရဲဘော်များ အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးကြောင်း Chinland Defense Force – Kalay Kabaw Gangaw တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ မြန်မာ့ စီးပွားဘဏ်တွင် ကင်းစောင့်နေသည့် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ၅ ဦးသေဆုံးကြောင်း True Fighter အဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေ ၉ နာရီ ၄၆ မိနစ်ခန့်တွင် မြင်းမူမြို့ မြန်မာ့ စီးပွားရေးဘဏ်တွင် အုပ်စုဖွဲ့ ကင်းစောင့်နေသည့် စစ်သားများကို True Fighter အဖွဲ့မှ လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article