29 C
Yangon

ကလေးမြို့ပေါ်တွင် လက်ဖက်ရည်လာ သောက်သည့် ဗိုလ်ကြီးဟောင်း၊ လ/ထညွှန်မှူး ငွေဇင် ပစ်ခတ်ခံရပြီး သေဆုံး၊ လက်နက် ၁ လက်၊ ကား ၁ စီး၊ ကျည်ကာဝတ်စုံ၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

Must read

ကလေးမြို့ပေါ်တွင် လက်ဖက်ရည်လာ သောက်သည့် ဗိုလ်ကြီးဟောင်း၊ လ/ထညွှန်မှူး ငွေဇင် ပစ်ခတ်ခံရပြီး သေဆုံး၊ လက်နက် ၁ လက်၊ ကား ၁ စီး၊ ကျည်ကာဝတ်စုံ၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်၊ တောင်သာရပ်ကွက်၊ ကျန်စစ်သားလမ်းတွင် ယနေ့ နံနက်ပိုင်း လက်ဖက် ရည်လာသောက်သည့် ဗိုလ်ကြီးဟောင်း၊ လက် ထောက် ညွှန်ကြားရေးမှူး ငွေဇင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက် ၉ နာရီဝန်းကျင် ကလေးမြို့ပေါ် ၊ တောင်သာရပ်ကွက်၊ ကျန်စစ်သားလမ်းတွင် လက်ဖက်ရည်လာသောက်သည့် စစ်မှု ထမ်းဟောင်း ဗိုလ်ကြီးဟောင်း ငွေဇင် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း၊ ဗိုလ်ကြီးဟောင်း ငွေဇင်သည် သယံ ဇာတ နှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဖြစ်ကြောင်း ၊ အသက် ၅၃ နှစ်အရွယ်ရှိပြီး ၎င်းထံမှ သေနတ် ၁ လက်၊ ကျည်ကာဝတ်စုံ၊ ခဲယမ်းများ၊ ကား ၁ စီးနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။

“ရှင်းလင်းတဲ့အဖွဲ့က အော်ပရေးရှင်းမိုမို ဆိုတဲ့ UG အဖွဲ့ ။ သူတို့က ပထမဆုံး အဖွဲ့ပဲ ကလေးမြို့မှာ ။ ဗိုလ်ကြီးဟောင်းငွေဇင် ဆီက လက်နက်၊ ကား၊ အီကွေးမန့်၊ မှန်ဘီလူးတွေရတယ်။ မနက်စောစော တောင်သာရပ်ကွက်၊ ကျန်စစ်သားလမ်းမှာ မနက် အစောကြီး လက်ဖက်ရည်လာသောက်တာ။ အပြန်မှာ အပစ်ခံရပြီး သေတာ” ဟု ကလေးမြို့အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ဗိုလ်ကြီးဟောင်း ပစ်ခတ်ခံရပြီးနောက် ယနေ့ ကလေးမြို့ပေါ်တွင် စစ်ကောင်စီတပ်များက လုံခြုံရေးအင်အား အများအပြားချပြီး စစ်ဆေးမှုများလုပ်ဆောင်နေ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article