34 C
Yangon

ကသာမြို့နယ်၊ ရွာ ၄ ရွာကို စစ်တပ်က မီးတင်ရှို့မှု နေအိမ် ၄၀၀ ကျော် ပြာကျ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအား လုံး ကိုပါ စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ကသာမြို့နယ်၊ ရွာ ၄ ရွာကို စစ်တပ်က မီးတင်ရှို့မှု နေအိမ် ၄၀၀ ကျော် ပြာကျ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအား လုံး ကိုပါ စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ကျေးရွာ ၄ ရွာကို စစ်တပ်က မီးတင်ရှို့ရာ ပြည်သူပိုင် နေအိမ် ၄၀၀ ကျော် ပြာကျပျက်စီးသွားကြောင်း ကသာမြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစတင်၍ စစ်တပ်စစ်ကြောင်းက မယ်ငိုကျေးရွာ၊ တက်တူလယ်အခင်းစု ကျေးရွာ၊ သာယာကုန်းကျေးရွာ၊ အင်းကြီးကျေးရွာ တို့ကို စစ်တပ်က မီးတင်ရှို့ခဲ့သဖြင့် အိမ်ခြေ ၄၀၀ ကျော် ပြာကျပျက်စီးသွားခြင်းဖြစ် ကြောင်း သိရှိရသည်။

“ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညနေပိုင်းမှာ မယ်ငိုကျေးရွာမှာရှိတဲ့ အိမ်ခြေ ၅၀ ကို စစ်တပ်က မီးရှို့တယ်။ ဖေဖော်ဝါ ရီလ ၁၂ ရက်နေ့မှာ တက်တူလယ် အခင်းစု ကျေးရွာမှာရှိတဲ့ အိမ်ခြေ ၂၀ ကို စစ်တပ်က မီးရှို့တယ်။ အဲဒီနေ့မှာပဲ သာယာကုန်းကျေးရွာ အိမ်ခြေ ၃၀ ၊ အင်းကြီးတိုက်နယ်ဆေးရုံရှိတဲ့ အင်းကြီးကျေးရွာ အိမ်ခြေ ၃၀၀ ကို စစ်တပ်က မီးတင်ရှို့တယ်။ အဲဒါ စုစုပေါင်း အိမ်ခြေ ၄၀၀ ကျော် ပြာကျသွားပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

စစ်တပ်က လှေဘိုကျေးရွာကိုလည်း မီးရှို့မည်ဟု ပြောဆိုထားပြီး ကျေးရွာများမှ ပြည်သူများအားလုံးမှာ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း၊ ကျေးရွာများကို မီးရှို့ရာတွင် ဘုန်းကြီးကျောင်း၊ စာသင်​ကျောင်းများကိုပါ စစ်တပ်က မီးတင်ရှို့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကမူ ကသာမြို့နယ်၊ ကျေးရွာများအနီးတွင် စစ်တပ်နှင့် PDF တပ်များ တိုက်ပွဲများ မကြာ ခဏ ဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများကို မီးရှို့မှုများ ဆက်တိုက်လုပ် ဆောင်နေသည်ဟု ပြောဆိုသည်။

“ဖေဖော်ဝါရီ ၉ ရက်နေ့ မနက် ၁၁ နာရီမှာ ငအိုးမှထွက်လာတဲ့ စစ်ခွေးတွေကို ပျဥ်ထောင်လေးကျေးရွာအုပ်စု နတ်ရေတွင်းအနီး လွင်ကြီးကွင်းမှာ PDF က တိုက် ခိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ မယ်ငိုရွာအနီး ဝါးခုတ်တောတွင် ထပ်မံတိုက်ပွဲဖြစ်ပါတယ်။ ညအချိန်တွင် မယ်ငိုရွာထဲဝင်နေတဲ့ စစ်ခွေးတွေက ရွာကို မီးတင်ရှို့တယ်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ တက်တူလယ်ရွာကို မီးထပ်ရှို့တယ်။ သာယာ ကုန်းကျေးရွာရှိ ပြည်သူနေအိမ်တွေကို ဖျက်ဆီးမီးရှို့တယ်။ ညနေပိုင်းမှာ အင်းကြီးရွာကို စစ်ကြောင်း တစ်ခု ရောက်လာပြီး Ooredoo တာဝါတိုင်ကို ဖျက်ဆီးတယ်။ စာသင်ကျောင်းမီးရှို့တယ်။ ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးပါတယ်။ ပြည်သူတွေအားလုံးထွက်ပြေးနေရပါတယ်” ဟု ကသာ PDF မှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article