32 C
Yangon

ကိုင်းတောမရဲစခန်းနှင့် သရက်ကန်ပျူစောထီးရွာအကြား မိုင်းဆွဲထားသည့်နေရာ ကို နယ်မြေရှင်းလင်းစဉ် ပျူစောထီး အလောင်း နှင့် သေနတ် ၁ လက် တွေ့ရှိ

Must read

ကိုင်းတောမရဲစခန်းနှင့် သရက်ကန်ပျူစောထီးရွာအကြား မိုင်းဆွဲထားသည့်နေရာ ကို နယ်မြေရှင်းလင်းစဉ် ပျူစောထီး အလောင်း နှင့် သေနတ် ၁ လက် တွေ့ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

မကွေးတိုင်း၊ ကိုင်းတောမရဲစခန်းနှင့် သရက်ကန်ပျူစောထီးရွာ အကြား PDF တပ်များက မိုင်းဆွဲ တိုက်ခိုက်ထားသည့် နယ်မြေများကို ရှင်းလင်းရေးလုပ်ရာတွင် ပျူစောထီးအလောင်း ၁ လောင်းနှင့် အူစီသေနတ်၁ လက် သိမ်းဆည်း ရမိခဲ့ကြောင်း စင်္ကြာဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသညကြ

ဇန်နဝါရီလ ၂၃ ရက်နေ့က ပခုက္ကူမြို့မှ မြိုင်မြို့နယ် Well 2 ရေနံမြေသို့ ရိက္ခာပို့သွားသော စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သရက်ကန် ပျူ‌စောထီးရွာ နှင့်ကိုင်းတော မ နယ်မြေရဲစခန်းကြားတွင် ရှေ့ထွက်မိုင်း ၄ လုံး မိုင်းပွိုင့် ၂ နှစ်နေရာတိုက်ခိုက်ခဲ့ပြီးနောက် ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် နယ်မြေရှင်းလင်းရေးသွားရောက် ဆောင်ရွက်ခဲ့ကြောင်း၊ ပျူစောထီး တစ်ဦး၏ အလောင်းနှင့် အူစီသေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မိုင်းဆွဲတဲ့နေ့က အဲဒီစစ်ခွေးတွေ အတော်ထိနာတယ်လို့ အဲနားက ဖြတ်သွားတဲ့ပြည်သူတွေ ပြောပြ ချက်အရ သိရတယ်ဗျ၊ သွေးအိုင်တွေနဲ့သွေးတွေပေနေတဲ့ သူတွေလည်း တွေ့ရတယ်လို့ ပြောတယ်၊ ဖော ကားအပြာရောင်နဲ့ သရက်ကန်ဘက်ကို သယ်သွားတာ၊ အလောင်းနဲ့လက်နက်ကတော့ဘယ်လိုကျန် ရစ်လဲ မသိဘူး၊ ကြားထဲမှာ ရဲဘော်တွေ ထိခိုက်တာတွေရှိနေတော့ ဒီနေ့မှ သွားရှင်းနိုင်တာ” ဟု စင်္ကြာဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁) တပ်ခွဲ(၄)စင်္ကြာဒေသကာကွယ်ရေး တပ်ဖွဲ့နှင့် တပ်ခွဲ(၁)၊ မုန်တိုင်းတပ်ဖွဲ့၊ အပြုံးမပျက်တဲ့ ဂတုံးတပ်ဖွဲ့တို့ ပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ‌ ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး ယမ်းချက်ရင်း လက်နှင့် မျက်နှာအနည်းနယ် မီးလောင်ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ ဇန်နဝါရီလ ၂၉ ရက်နေ့က လည်း မိုင်းဆင်ရင်း မတော်တဆဖြစ်ကာ ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး မျက်လုံးပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မျက်လုံးထိခိုက်ဒဏ်ရာရ ရဲဘော်၏ အမြင်အာရုံပြန်လည်ရရှိနိုင်ရန် မျက် ကြည်လွှာခွဲစိတ်ကုသရမည်ဖြစ်သဖြင့် အလှူငွေများလိုအပ်လျက်ရှိကြောင်း စင်္ကြာဒေသကာကွယ်ရေး တပ်ဖွဲ့က မေတ္တာရပ်ခံသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article