28 C
Yangon

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် အမေရိကန် Columbia တက္ကသိုလ်ကျောင်းသားများတွေ့ဆုံ

Must read

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် အမေရိကန် Columbia တက္ကသိုလ်ကျောင်းသားများတွေ့ဆုံ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် School of International and Public Affairs (SIPA) စီစဉ်ဖိတ်ကြားမှုဖြင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက Columbia တက္ကသိုလ်ကျောင်းသားများတွေ့ဆုံပြီး မြန်မာ့အရေး ရှင်းလင်းပြောဆို ဆွေးနွေးကြောင်း သိရှိရသည်။

အမေရိကန်ပြည်ထောင်စု တက္ကသိုလ်တစ်ခုဖြစ်သော Columbia University မှကျောင်းသားများနှင့် ကုလသမဂ္ဂဆိုင် ရာအမြဲတမ်းကိုယ်စားလှယ် မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့​၏ တွေ့ဆုံပွဲကို Columbia Law School ရှိ William and June Warren Hall တွင် ဖေဖော် ဝါရီလ ၁၅ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီမှ ၄နာရီအထိကျင်းပခဲ့ကြောင်း၊ မြန်မာသံအမတ်ကြီးက မြန်မာ့အရေး ကို ခေါင်းစဉ် ၃ ခုကို အခြေခံ ရှင်းလင်းပြောဆိုခဲ့ကြောင်း သိရှိရသည်။

သံအမတ်ကြီးက သံတမန်တဦးအနေဖြင့် လက်ရှိတာဝန်ယူထားရသည့် အခန်းကဏ္ဍများအားသုံးသပ်ပြောကြားခြင်း၊ မြန်မာပြည်ရှိ စစ်အာဏာရှင်၏ တရားမဝင်အာဏာသိမ်းမှုဖြစ်စဉ်၊ မြန်မာပြည်၏ အနာဂတ်အခြေအနေတို့ကို ကျောင်း သားများကို ရှင်းလင်းပြောဆိုခဲ့ကြောင်း သိရှိရသည်။

ထို့နောက် အာဏာသိမ်းမှုကာလ ၂နှစ်ကျော်ကြာလာခဲ့သော်လည်း မြန်မာပြည်သူတို့​၏ ကြံကြံခံတွန်းလှန်နေမှုများကို နိုင်ငံတကာအနေနှင့် ယခုထက်ပိုမိုပြီး ထိထိရောက်ရောက် ကူညီပေးဖို့မျှော်လင့်ကြောင်း‌ သံအမတ်ကြီးက ပြော ဆိုပြီး ကျောင်းသားများ၏ မေးမြန်းမှုများကိုလည်း ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article