28 C
Yangon

ကောလင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက် ဒဏ်ရာရသူ များပြား၊ မင်းလှတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို PDF များ တိုက်ခိုက် စစ်သား ၂ ဦးသေဆုံး

Must read

ကောလင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက် ဒဏ်ရာရသူ များပြား၊ မင်းလှတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို PDF များ တိုက်ခိုက် စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသ ကာကွယ် ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရသူ များပြားကြောင်း Kawlin Revolution – KR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ကောလင်းမြို့၊ တောင်ပလူကျေးရွာ၊ ဘုရားတောင်ရိုးအနီး ကိုးတောင်ဘို့မှ ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ် တပ်မ ၃၆၃ မှ အင်အား ၅၂ ဦးပါ စစ်​ကြောင်းနှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက် ဒဏ်ရာရသူများပြားကြောင်း သိရသည်။

” ၁၇ ကောင် သေတယ်ဆိုတာ ခွေးဘက်က ဖြန့်တဲ့သတင်းပါ။ အမှန်ကတော့ ၃၀ ခန့် ထိခိုက်မှုတယ်လို့ တော်လှန်ရေး အဖွဲ့စည်းတွေက အတည်ပြုထားပါတယ်” ဟု Kawlin Revolution – KR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ကိုးတောင်ဘို့ရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းမှ တိုက်ပွဲအတွက်း စစ်သား ၁၇ ဦသေဆုံးပြီး သုံးပွင့်ဗိုလ် ဧရာမင်း ဆိုသူလည်းပါဝင်ကာ တောင်ပလူရွာရှိ ဦးသောကြာအိမ်၌ မီးသဂြိုလ်ခဲ့ကြောင်း သတင်းဖြန့်မှုများ ရှိကြောင်း Kawlin Revolution – KR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ကောလင်းခရိုင် တပ်ရင်း ၁ ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ ဇင်ယော်လေးတပ်စိတ်၊ ထော်လှန်တပ်စိတ် နှင့်ကျောက်ပျဥ်သာတိုက်နယ် ပကဖ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်ခန့် မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ မီးလောင်ကုန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ် တပ်ကို PDF မဟာမိတ်တပ်များက တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးကြောင်း မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Southern Magway People’s Defense Force Magwayမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာတွင် မကွေးတောင်ပိုင်းပြည်သူ့ကာကွယ် ရေးအဖွဲ့ (SMPDF)၊အထက်မင်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့(UMHPDF) နှင့် အရှိုချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ACDF) ပူးပေါင်းတပ်ဖွဲ့ များ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဒေသမှ စစ်ရေး စွမ်းရည်ပြသနေကြသည့် PDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article