40.9 C
Yangon

ကော့ကရိတ်မြို့ပေါ် စစ်တပ်ဂိတ်စခန်းကို ဝင်တိုက်ခိုက်မှု စစ်သား ၆ ဦးထက်မနည်း သေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိ

Must read

ကော့ကရိတ်မြို့ပေါ် စစ်တပ်ဂိတ်စခန်းကို ဝင်တိုက်ခိုက်မှု စစ်သား ၆ ဦးထက်မနည်း သေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တံတားဦးရပ်ကွက်၊ ညောင်ပင်အောက်ဂိတ် စစ်တပ် ဂိတ်စခန်းကို KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက် ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ကျားဖြူစစ်ကြောင်းတာဝန်ရှိသူက ပြောသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၅ နာရီခွဲခန့်တွင် အဆိုပါအကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၆ ဦးထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု အခြေ အနေကို အတည်မပြုနိုင်သေးကြောင်း၊ KNLA ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သားများ အသုံးပြုသော ပစ္စတိုသေနတ် တစ်လက်၊ MA3 ၂ လက်၊ ကျည်ဘောက် ၄ ခု၊ RPG 7 ဗုံးသီး ၁ လုံး ကို သိမ်ဆည်း ရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်မှ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း တို့ ပြုလုပ်လာနိုင်ကြောင်း သတိပေးထားသည်။

ထို့ကြောင့် ကော့ကရိတ်မြို ဝန်းကျင်တွင် ဖြတ်သန်းသွားလာသည့် ပြည်သူ လူထုအနေဖြင့် စစ်ကောင်စီ တပ်များ၏ ဘေးအန္တရာယ်မှ ကင်းရှင်းစေရန် သတိ ဖြင့် သွားလာကြရန်အလေးနက် တိုက်တွန်း ကြောင်း၊ မြေပြင်အခြေအနေ အသေးစိတ်အား ထပ်မံသိရှိပါက ဆက်လက် ဖော်ပြပေးသွားမည်ဖြစ် ကြောင်း ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article