30 C
Yangon

ကော့သောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၈ ဦးသေဆုံး၊ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပြည်သူပိုင်နေအိမ်များ ပျက်စီး

Must read

ကော့သောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၈ ဦးသေဆုံး၊ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပြည်သူပိုင်နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်း ဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးကြောင်း ကော့သောင်းခရိုင်၊ အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၁ ရက် နေ့လည် ၁၂ နာရီခွဲခန့်က ကော့သောင်းမြို့မှ အကြမ်းဖက်စစ်သား အင်အား ၁၇၀ ခန့်ဖြင့် ခြေလျင်စစ်ကြောင်းထိုးလာသော စစ်ကြောင်းက ဝိုင်ဒင်ကျေးရွာအတွင်းသို့ လက် နက်ကြီး ၂ ချက်ပစ်ခတ် ဝင်ရောက်လာခဲ့သဖြင့် ကော်သူးလေ Army နှင့်ပူးပေါင်းတပ်ဖွဲ့မှ ခုခံ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရရှိကာ ညနေ ၃ နာရီခွဲခန့်တွင် ပြန်ဆုတ်သွားကြောင်း သိရသည်။

“စစ်ခွေးတွေဘက် လက်နက်ကြီးနဲ့ ပစ်လို့ နေအိမ်တော်တော်များများတော့ ထိသွားတယ်၊ ပြည်သူတွေတော့ တစ်ယောက်မှ မထိပါဘူး၊ တိုက်ပွဲက ၄ နာရီလောက်ပြင်း ပြင်းထန်ထန် ဖြစ်ခဲ့တာပါ” ဟု ကော့သောင်း ခရိုင်၊ အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ ဝိုင်ဒင်ကျေးရွာသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်း နှင့် ကော်သူလေး Army ပူးပေါင်းစစ်ကြောင်းတို့ အခြေပြုရာကျေးရွာဖြစ်ပြီး တိုက်ပွဲ အတွင်း ကော်သူ လေ Army မှ ရဲဘော်တစ်ဦး၊ PDF ရဲဘော်တစ်ဦး စုစုပေါင်း ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

လက်ရှိ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ထိုင်း – မြန်မာနယ်စပ် ရှမ်းကိုး ရွာဒေသ မှာ စစ်တပ်နှင့် PDF မဟာမိတ်တပ်ဖွဲ့များ အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ် ပေါ်နေသဖြင့် စစ်ဘေးရှောင်ဦးရေ ၁၀၀ ကျော် အထိ ထိုင်းဘက်​သို့ ထွက်ပြေးနေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article